မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ ဇွန် ၁၉ ရက် မနက် ၉ နာရီလောက်က ရိုဟင်ဂျာ ၆ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
မရမ်းချောင်စစ်ဆေးရေးဂိတ်မှာစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက "ရတနာ" မော်တော်ယာဥ်လိုင်းကို ရပ်တန့် စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာပါ။
ရန်ကုန်မြို့မှ မြဝတီမြို့သို့ ယာဉ်မောင်း မျိုးအောင်(ခ)ရွှေမြ (၃၂)နှစ် မောင်းနှင်ပြီး မော်တော်ယာဥ်ဝမ်းဗိုက်အောက်ပိုင်းကို စစ်ဆေးရာကနေ အထောက်အထားမဲ့ အမျိုးသား လေး ယောက်နဲ့ အမျိုးသမီး နှစ်ယောက်တို့ကို တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့သူက ပြောပါတယ်။
အထောက်အထားမဲ့ ရိုဟင်ဂျာတွေဟာ မွန်ပြည်နယ်အတွင်းကို ပင်လယ်ရေကြောင်းကနေ အများဆုံးဝင်ရောက်ကြပြီး ပွဲစားကနေတဆင့် ထိုင်း မလေးနယ်စပ်ဘက်ကို သွားရောက်ကြမယ့် သူတွေဖြစ်တယ်လို့ သိရပါတယ်။