မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဇွန် ၁၃ ရက် မနက်ပိုင်းက ဝင်းသုခရတနာရွှေစျေးမှာ ရွှေဆိုင်ဖွင့်ဖို့ လာသူထံကနေ ရွှေထည်တွေ လုယက်ခံရတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
ရွှေဆိုင်ဖွင့်ဖို့ လာသူ ကားပေါ်က ဆင်းချိန် လုယက်သူက ရွှေထည့်ထားတဲ့အိတ်ကို အလစ်အငိုက် ဝင်လုသွားတာကြောင့် ရွှေထည်ပစ္စည်း ကျပ်သိန်း ၁၀၀၀ ဖိုးလောက်ပါသွားတယ်လို့ လုယက်ခံရတဲ့ ရွှေလဝန်းရတနာရွှေဆိုင်ပိုင်ရှင်နဲ့ နီးစပ်သူ တချို့က ပြောပါတယ်။
မြို့ခံတယောက်က “အခုလို မြို့လယ်ကောင်မှာ ရွှေဆိုင်ကို လုယက်မှုက မြို့ပေါ်မှာ ပထမဆုံး အကြိမ် ကြားရတာ။ လုယက်ထွက်ပြေးသွားတဲ့သူတွေကို ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံစုံစမ်းနေပေမဲ့ ဖမ်းဆီး ရမိ ခြင်း မရှိသေးဘူး” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့အထိ နေရာတိုင်းမှာ ခိုးဆိုးလုယက်မှုတွေ တနေ့တခြား ပိုများလာပြီး ရဲတပ်ဖွဲ့ဝင်တွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းလည်း မရှိတဲ့အပေါ်မှာ ဒေသခံတွေကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
မွန်ပြည်နယ်အတွင်းမှာ လုယက်သတ်ဖြတ်ခံရလို့ အနည်းဆုံး လူ ၅ ယောက်လောက် သေဆုံးခဲ့ ပါတယ်။