Home
မြန်မာသတင်း
တောင်ဥက္ကလာပတွင် ကေတီဗီ မီးလောင်
DVB
·
June 5, 2023

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၁ ရပ်ကွက်၊ သံသုမာလမ်းမပေါ်ရှိ 9 plus ကေတီဗီမှာ ဇွန် ၅ ရက် မနက် ၁၀ နာရီ မိနစ် ၄၀ လောက်က ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ပြောပါတယ်။

အဆိုပါ ကေတီဗီ မီးလောင်မှုကို တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ အရှေ့ပိုင်းခရိုင်တို့က မီးသတ်ယာဉ် ၉ စီး၊ နာရေးကူညီမှုအသင်းက မီးသတ်ယာဉ် ၁ စီးနဲ့ မီးသတ်နဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတို့က ရေသယ်ယာဉ် ၅ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ပါတယ်။

အဆိုပါ ကေတီဗီဟာ ၂ ထပ်အ‌ဆောက်အဦဖြစ်ပြီး အောက်ထပ်အခန်းတခုတွင်းက မီးကြိုးအပူလွန်ကဲရာကနေ အောက်ထပ်ရှိ ကေတီဗီအခန်းတွေနဲ့ ဧည့်ကြိုအခန်းတွေကို လှိုက်လောင်နေခဲ့တာဖြစ်ပြီး အဆောက်အ‌ဦတဝက်ခန့် မီးလောင်ပျက်စီးခဲ့တာပါ။

သုခကာရီအသင်း ပြန်ကြားရေး တာဝန်ရှိသူတဦးက “ရှော့ဖြစ်တာပါ၊ ဝါယာရှော့ဖြစ်ပြီး လောင်တယ်လို့ သိရတယ်။ ဘေးအိမ်တွေတော့ မလောင်ဘူး။ အဲ့ဒီ ကေတီဗီတခုပဲ အထဲမှာ လှိုက်ပြီးတော့ လောင်နေတာ။ 9 Plus ကေတီဗီ၊ သံသုမာလမ်းမ၊ အတွင်းပိုင်းကတော့ တဝက်လောက် တော်တော်ပျက်စီးသွားတယ်၊ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး လူထိခိုက်မှု မရှိဘူးလို့ သိရတဲ့အပြင် မနက် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ မီးထိန်း၊ ၁၁ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

ဇွန် ၄ ရက် ည ၇နာရီလောက်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ၅ ရပ်ကွက်က လူနေအိမ်တလုံးမှာ ဖုန်းအားသွင်းကြိုးကနေ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် တထပ်လူနေအိမ် ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ [ သုခကာရီ၊ မိုးစေတနာ ]

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024