မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်စက်မှုဇုန်ရှိ သံလွင်ရတနာကားဝပ်ရှော့မှာ မေ ၁၇ ရက် ညနေ ၅ နာရီ ၃၄ မိနစ်က မီးလောင်မှုဖြစ်ပွားလို့ ကားဝပ်ရှော့နဲ့ လူနေခန်း ၁ ခန်း ပျက်စီးဆုံးရှုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရချင်းမှာပဲ မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကယ်ဆယ်ရေးတွေ၊ ဒေသခံတွေ မီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ အကြာမှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
မော်လမြိုင်-ဘားအံသွား ကားလမ်းဘေးရှိ စက်မှုဇုန်မှာ ဖယောင်းတိုင်မီးကတဆင့် သံလွင်ရတနာ ကားဝပ်ရှော့ရုံ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
သံလွင်ရတနာ ကားဝပ်ရှော့ရုံ အဆောက်အဦနဲ့ တွဲရက်အခန်းမှာ ငှားရမ်းနေထိုင်တဲ့ ဦးခိုင်မင်း အသက် ၄၀ နှစ်ဟာ အခန်းအတွင်း ဖယောင်းတိုင်မီးထွန်းထားရာက မီးလောင်ကျွမ်းခဲ့ပြီး ကားဝပ်ရှော့ရုံနဲ့ လူနေခန်း ၁ ခန်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မွန်ပြည်နယ်အတွင်းမှာ ပေါ့ဆမီးလောင်မှုကြောင့် လူနေအိမ် ဒါဇင်နဲ့ချီ မီးလောင်ကျွမ်း ဆုံးရှုံးထားခဲ့သလို လူသေဆုံးမှုလည်း ရှိခဲ့ပါတယ်။