Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်ပြည်သူများ လိုအပ်သည့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့
DVB
·
May 15, 2023

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ထဲက စစ်ဘေး တိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတချို့ကို ဒေါန တနင်္သာရီ-စစ်ဘေးရှောင် အထောက်အကူပြုအဖွဲ့ကနေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်နေပြီးတော့ တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်အရေအတွက် အများအပြားရှိနေတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ဧပြီလအတွင်း ရရှိထားတဲ့ မြေပြင်အချက်အလက်တွေအရ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေထိုင်ကြရတဲ့ စစ်ရှောင်ပြည်သူ ၅၀၀၀ ခန့် ရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

ပြည်သူတွေကနေ မျှဝေကူညီပေးတဲ့အလှူငွေတွေနဲ့ ဒေါန တနင်္သာရီ-စစ်ရှောင် အထောက်အကူပြုရေးအဖွဲ့ကနေ ကျပ် ၁၀ သိန်း တန်ဖိုးရှိ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ကတဆင့် စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီပေးခဲ့တာ ဖြစ်‌တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မတ်လကလည်း တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင် ကျေးရွာတချို့မှာ ဒေသတွင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေကနေ မုန်တိုင်းအန္တရာယ်မကျရောက်ခင် သဘာဝဘေး အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024