မန္တလေးတိုင်း ပြင်ဦးလွင်မြို့၊ အနီးစခန်းရှေ့ရဲကင်းမှာ မေ ၁၄ ရက် မနက် ၈ နာရီလောက်က သစ်ပင်လဲပြီး ရဲ တယောက်ပေါ်ပိမိသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၁၃ ရက် မနက် ၈ နာရီ အချိန်ကစတင်ပြီး လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက "ပြင်စာက ရဲ လို့ သိရတယ်။ သစ်ပင်လဲတဲ့အချိန် သူ့ပေါ်ပိသွားတာ၊ ဦးခေါင်းပွင့်ဒဏ်ရာနဲ့သေတယ်။ ဒီမှာလေတိုက်တာ ပြင်းတယ်။ အိမ်ပေါ်နေတာတောင် လေတိုက်တာက ကြောက်စရာကြီး" လို့ ပြောပါတယ်။
သစ်ပင်ပိသေဆုံးတဲ့ရဲအား ပြင်ဦးလွင်နာရေးကူညီမှုအသင်းကားနဲ့ ပြင်ဦးလွင် ဆေးရုံကို ပို့ဆောင် ခဲ့တယ်လို့ တုသိတာလူမှုကူညီရေးအသင်းက သိရပါတယ်။