ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ကျေးဌက်တွေ ဥချပြီး သားပေါက်ချိန်တွေဖြစ်တဲ့အတွက် အဖိုးတန်သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို ကာကွယ်ဖို့ မေလမှ ဇူလိုင်လကုန်အထိ ၃ လတာ ငှက်ပစ် အမဲလိုက်ခြင်းကို ပိတ်ပင်လိုက်တယ်လို့ မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
မင်းတပ်မြို့နယ်ဟာ အဖိုးမဖြတ်နိုင်တဲ့ ကမ္ဘာဦးသစ်တောတွေ၊ ရှားပါး လိပ်ပြာမျိုးစိတ်တွေ၊ ကျေးငှက်တွေ၊ သစ်ခွမျိုးစိတ်တွေနဲ့ မြင့်မားတဲ့ တောက်စဉ်တောင်တန်းများတည်ရှိပြီး သဘာဝ တောရိုင်းတိရစ္ဆာန်ပေါင်းစုံကျက်စားရာ ဒေသတခုဖြစ်တာကြောင့် အခု ၃ လတာကာလအတွင်း လေသေနတ်တွေ၊ ပွင့်တူးတူး (.၂၂) သေနတ်တွေ၊ လောက်လေးခွတွေနဲ့ ငှက်အမဲလိုက်တာကို ပိတ်ပင်တာလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အခု မင်းတပ်မြို့နယ်အတွင်း ရှိနေကြတဲ့ ငှက်မျိုးစိတ်တွေဟာ ရှားပါးမျိုးစိတ်တွေမှာ ပါဝင်ကြပြီး အဖိုးတန် သဘာဝအမွေအနှစ်တွေ ဖြစ်တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြရမယ်လို့ ရေးသားထားပါတယ်။
ဒါအပြင် အနာဂတ်ကာလတွေမှာလည်း ဒေသခံပြည်သူတွေအတွက် ခရီးသွားလာရေး ကဏ္ဍမှ တဆင့် ဝင်ငွေရရှိစေမှာဖြစ်တာကြောင့် တားမြစ်ချက်ကို အလေးအနက်ထားပြီး လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။