Home
မြန်မာသတင်း
ဗဟန်း ကျိုက္ကဆံရပ်ကွက်တွင် အငြိမ်းစားဗိုလ်မှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
April 29, 2023

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနဲ့ မဟူရာလမ်းထောင့်မှာ ဧပြီ ၂၉ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က အငြိမ်းစားဗိုလ်မှူး တယောက်  သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

နေအိမ်ကနေ ကုမ္ပဏီကို ကားနဲ့ထွက်လာတဲ့ ဗိုလ်မှူးဟောင်းရဲမင်းသန်းကို ကျိုက္ကဆံရပ်ကွက် ငမောက်လမ်းနဲ့ မဟူရာလမ်းထောင့်မှာ ဒီနေ့ မနက်ဆယ်နာရီဝန်းကျင်က အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာလို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။ 

“သူက ဗိုလ်မှူးဟောင်း ကျိုက္ကဆံရပ်ကွက်ထဲမှာနေတာ အခုတော့ ကုမ္မဏီမှာ မန်နေဂျာလုပ်နေတာ အိမ်ကကားနဲ့ထွက်လာတဲ့အချိန် ငမောက်လမ်းမှာ ပစ်ခံရတာ ပွဲချင်းပြီးပဲ။” 

သေနတ်နဲ့ပစ်ခတ်ခံရသူမှာ MMG ကုမ္ပဏီက  မန်နေဂျာတစ်ဦးသလို အငြိမ်းစားဗိုလ်မှူးတယောက်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။

"ဗိုလ်မှူးဟောင်းဆိုတာမှန်ပါတယ်။ ကျည်ထိမှန်ဒဏ်ရာလေးချက်နဲ့ အခင်းဖြစ်တဲ့နေရာမှာ ဆုံးသွားပါတယ်။  Dade Body ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ်"လို့ ပြောပါတယ်။

လက်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ကျိုက္ကဆံရပ်ကွက်အတွင်း လှည့်လည်စစ်ဆေးနေပေမဲ့ သေနတ်နဲ့ပစ်ခတ်သွားသူကို ဖမ်းဆီးရမိခြင်းမရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရန်ကုန်မှာ ဧပြီလအတွင်း သန်လျင်၊ ခရမ်း၊ သင်္ဃကျွန်းမှာ ပစ်ခတ်မှုဖြစ်ခဲ့ရာ အငြိမ်းစားဒုဗိုလ်မှူးကြီး တယောက်နဲ့  ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူး စစ်တပ်အရာရှိဟောင်း တယောက်  ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024