Home
မြန်မာသတင်း
ရှုခင်းသာမြို့ပတ်လမ်းတွင် ကားတစီး ပလက်ဖောင်းကို ဝင်တိုက်၊ ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရ
DVB
·
April 29, 2023

ရန်ကုန်၊ သာကေတမြို့နယ်၊ ၄ ရပ်ကွက်၊ ရှုခင်းသာမြို့ ပတ်လမ်း၊ Water Boom အနီးမှာ ဧပြီလ ၂၈ ရက် ညပိုင်းက အိမ်စီးကားတစ်စီး ပလက်ဖောင်းလက်ရန်းကို ဝင်တိုက်မိပြီး ၁ ဦးသေ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

အဲ့ဒီည ၁၀နာရီ ၁၀ မိနစ်ခန့်က လူ ၅ ဦးပါ အိမ်စီးကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ပလက်‌ဖောင်းလက်ရန်းကို ဝင်တိုက်ခဲ့တာပါ။ 

ယာဉ်တိုက်မှုမှ  ကားခေါင်းခန်း လက်ရန်းသံတိုင်ဖောက်ဝင် ပွင့်ထွက်သွားတာကြောင့် အမျိုးသမီး ၂ ဦး၊ အမျိုး သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့အနက် အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး ၁ ဦးက ဒဏ်ရာ စိုးရိမ်ရတယ်လို့ သိရပါတယ်။ 

"ည ၁၀နာရီ ၁၀ မိနစ်လောက်ကပေါ့၊ ကားတစီးက အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းကို ဝင်တိုက်တာ။ ယာဉ်မောင်းကတော့ ဦးခေါင်းဒဏ်ရာ၊ ဒူးခေါင်းနဲ့ လက်ပွန်းပဲ့ ဒဏ်ရာရထားတယ် " လို့ မင်္ဂလာတောင်ညွန့်ကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးထားပြီး ယာဉ်မောင်းအမျိုးသားကို သာကေတမြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024