ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား ရိုးရာသင်္ကြန်ပွဲတော်ကို အပြိုင်အဆိုင်ကျင်းပနေကြတာမှာ အေအေက ဦးစီးပြီးကျင်းပတဲ့ ဇီးချောင်းသင်္ကြန်ပွဲတော်မှာ ရခိုင်ပြည်သူ အများအပြားလာရောက် ရေကစားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇီးချောင်းသင်္ကြန်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စပြီး အေအေတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူကာ ဦးစီးကျင်းပလာတာဖြစ်ပြီး ဒီနှစ်မှာလည်း ဇီးချောင်းသင်္ကြန်အပါအဝင် သူတို့ရဲ့ ထိန်းချုပ်နယ်မြေတချို့မှာ သင်္ကြန်မဏ္ဍာန်တွေ စည်စည်ကားကားကျင်းပနေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် စစ်ကောင်စီကလည်း စစ်တွေမြို့အပါဝင် တောင်ကုတ်၊ ကျောက်ဖြူနဲ့ သံတွဲခရိုင်မြို့တွေမှာ သင်္ကြန်မဏ္ဍာန်တွေ ဆောက်ပြီးကျင်းပနေပါတယ်။
ဓာတ်ပုံ-ခိုင်မင်းသျှင်