Home
ဆောင်းပါး
ပြည်သူ့ရမ်ဘိုများ ဖြစ်လာကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု နွေဦးတော်လှန်ရေးတပ်ဖွဲ့များ
DVB
·
April 9, 2023

ဟောလီးဝုဒ် ရုပ်ရှင်မင်းသားကြီး ဆဲလ်ဗယ်စ်တာ စတားလုံး သရုပ်ဆောင်တဲ့ ရမ်ဘို ရုပ်ရှင်ဇာတ်ကားတွေဟာ မြန်မာပရိသတ်ကြားမှာ အထူးရေပန်းစား လူကြိုက်များလှပါတယ်။ ပထမဆုံး ရမ်ဘိုကားကို First Blood နာမည်နဲ့ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ Rambo: First Blood Part II ၊ ၁၉၈၈ ခုနှစ်မှာ Rambo III ၊ ၂၀၀၈ ခုနှစ်မှာ လေးကားမြောက် Rambo (IV) နဲ့ ပဉ္စမမြောက်ကား Rambo (Last Blood) က ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။

ဂျွန်ရမ်ဘို ဆိုတဲ့ဇာတ်ကောင်ဟာ သဘာဝအားဖြင့် စကားနည်းပြီး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း နေတတ်ပေမဲ့ မတရားမှုဆို ခေါင်းငုံ့မခံတတ်ဘဲ လိုအပ်လာရင် လူဆိုးလူယုတ်တွေကို သူတို့ထက်ပိုပြီး ကြမ်းကြမ်းရမ်းရမ်းနှိပ်ကွပ်ပြီး အပြတ်ရှင်းတဲ့ ဇာတ်ကောင်စရိုက်ကို ဖော်ကျူးထားတာမို့ ဆယ်စုနှစ် ၄ စုအထိ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပြီး အထူးသဖြင့် ရိုးသားရဲရင့်တဲ့ လူငယ်လူရွယ်တွေအတွက် အားကျစံပြုရတဲ့ ဇာတ်လိုက်ဖြစ်ပါတယ်။

စတုတ္ထမြောက် ရမ်ဘို ၄ ဇာတ်ကားကတော့ ၈၈၈၈ အရေးတော်ပုံကြီးကို လက်နက်နဲ့ အကြမ်းဖက်သတ်ဖြတ် ဖြိုခွင်းပြီး အာဏာသိမ်းယူခဲ့တဲ့ နအဖစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံနေရတဲ့ လူသားချင်းစာနာမှု အကူအညီပေး ခရစ်ယာန်သာသနာပြုအဖွဲ့ကို ရမ်ဘိုက သွားရောက်ကယ်တင်တဲ့ ဇာတ်လမ်းကို ဇာတ်အိမ်ဖွဲ့ထားပြီး နယ်စပ်ရှိ တိုင်းရင်းသား လူမျိုးများအပေါ် မြန်မာစစ်တပ်ရဲ့ လူမဆန်စွာ ရက်စက်မှုတွေကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ဖြစ်တာမို့ မြန်မာနိုင်ငံတွင်းမှာ မပြသဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။

ကိုယ်တိုင်ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဆဲလ်ဗယ်စ်တာ စတားလုံးကတော့ သူ့ရုပ်ရှင်ဟာ ပြည်တွင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံက စစ်‌ပြေးဒုက္ခသည်‌တွေရဲ့ ပြဿနာတွေကို မီးမောင်းထိုး ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

အဲ့ဒီအချိန်တုန်းကတော့ မြန်မာဖက်ဆစ်တပ်ရဲ့ အတွင်းသရုပ်နဲ့ လုပ်ရပ်တွေကို တကယ်မကြုံဘူးခဲ့ကြသေးတဲ့ ပြည်သူလူထုအချို့ကတော့ အလွန်အကျူး ပိုပိုသာသာ သရုပ်ဖော် ရိုက်ကူးထားတဲ့ကား၊ တပ်မတော်ကို အမြင်မှားအောင် တမင်အရောင်ဆိုးတဲ့ကားလို့ အထင်မှားခဲ့ကြပါတယ်။

တကယ်တော့ ဒီ ရမ်ဘို ၄ ဇာတ်ကားဟာ ဖက်ဆစ်စစ်ဓားပြတွေရဲ့ဒီကနေ့အချိန်ထိ မြန်မာပြည်သူလူထုတရပ်လုံးအပေါ် လူ့ဂုဏ်သိက္ခာကို ချနင်းစော်ကားတဲ့ စစ်ရာဇဝတ်မှုတွေ၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် မျိုးဖြုတ်တိုက်ခိုက်မှုတွေ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့် နှိပ်စက်သတ်ဖြတ်မှုတွေ၊ ကလေးလူကြီးမရှောင် ညှဉ်းပန်းသတ်ဖြတ်မှုတွေ၊ လူသားဒိုင်း အကာအကွယ်ယူ၊ မိုင်းရှင်းခိုင်း‌ အသေခံခိုင်းတာ စတဲ့ သရဲဘောကြောင်တဲ့လုပ်ရပ်တွေ၊ ဖြတ် ၄ ဖြတ်ဗျူဟာနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေကို တိတိကျကျ ကွက်ကွက်ကွင်းကွင်း ထင်ဟပ်စေခဲ့တဲ့ကား ဖြစ်ပါတယ်။

အခုအခါမှာတော့ ငြိမ်းချမ်းစွာလမ်းပေါ်တက် လက်နက်မဲ့ ဆန္ဒပြ ပြည်သူလူထုကို ခေါင်းတည့်တည့်ချိန် ပစ်ခတ်သတ်ဖြတ်လာတဲ့အပေါ် မခံရပ်နိုင်တဲ့အဆုံး လူငယ်လူရွယ်တွေ အပါအဝင် မြန်မာပြည်သူလူထုဟာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ လက်နက်အားကိုးနဲ့ ဗိုလ်ကျရမ်းကားယုတ်မာတဲ့ စစ်ဘီလူးသဘက်တွေကို လက်နက်ဆွဲကိုင် တော်လှန်ခဲ့ကြရာ ပေါ်ထွန်းလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေ၊ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ (LDF) တွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ (EAO) တွေ၊ တော်လှန်‌ရေး မဟာမိတ်တပ်ဖွဲ့တွေဟာ မတရားမှုပြုတဲ့ စစ်မိစ္ဆာတွေကို ရှင်းလင်းသုတ်သင်ကြတဲ့ ပြည်သူ့ရမ်ဘိုအဖွဲ့တွေ ဖြစ်လာခဲ့ကြပြီ ဖြစ်ပါတယ်။

ဂျွန်ရမ်ဘိုက လူဆိုးလူယုတ်မာတွေကို သူ့နည်းသူ့ဟန် သူ့စတိုင်လ်နဲ့ ဒုံးခွင်းလေးမြားနဲ့ ပစ်ခတ် အမိုက်ဇာတ်သိမ်းပေးတာ၊ ရုပ်ဖျက်ပုန်းကွယ်ပြီး ရှင်းလင်းသုတ်သင်ခဲ့သလိုပဲ ပြည်သူလူထုရဲ့ ခုခံတော်လှန်စစ် ၂ နှစ်တာအတွင်းမှာ လက်နက်ရှိမှမိုက်ရဲတဲ့ စစ်မိစ္ဆာတွေကို တူမီး၊ ဒူးလေး ရရာလက်နက်နဲ့ တိုက်ခိုက်ကြတာ၊ လက်လုပ်မိုင်းတွေနဲ့ ခွဲတိုက်ခိုက်တာ၊ ပြောက်ကျားစစ်နည်းဗျူဟာနဲ့ အမှည့်ချွေ ချွေတာ၊ ဗုံးပစ်သွင်းတိုက်ခိုက်တာ၊ ရန်သူစစ်ခွေးစခန်းတွေကို တိုက်ခိုက်စီးနင်း ရှင်းလင်းတာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာ စတဲ့ နွေဦးတော်လှန်ရေးရဲ့ ကိုယ်ပိုင်ဟန်နဲ့ ရှင်းလင်းသုတ်သင်ခဲ့တာဟာ စစ်မိစ္ဆာ ၂သောင်း ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

စာရေးသူ စုဆောင်းမိသမျှထဲက အောက်ပါ ပြည်သူ့ရမ်ဘိုတပ်ဖွဲ့စာရင်းတွေကို ဖော်ပြလိုက်ပါတယ်။ အဲ့ဒီထဲမှာ မပါဘဲ ကျန်ရစ်တဲ့ ပြည်သူ့ဘက်တော်သား နွေဦးတော်လှန်ရေး အင်အားစုများကိုလည်း ဒီဆောင်းပါးကနေ ခွင့်လွှတ်ဖို့ အလေးပြုရင်း တောင်းပန်ချင်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် KNLA တပ်မဟာ(၅)၊ ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ သင်္ဃန်းညီနောင်မှ KNU KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်တွေ၊ ဗိုလ်အယ်စေးဝါး ဦးစီးတဲ့ Lion Battalion Commando ပူးပေါင်းစစ်ကြောင်း၊ ဗိုလ်ဒါဘောရဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ Federal Wings၊ Golden Eagle၊ ရောင်နီတပ်ဖွဲ့၊ ကရင်ပြည်နယ်၊ သံတောင်‌မြောက်ပိုင်း (အထူးဒေသ)၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းက Northern Thandaung Defence Force (Special Region) တပ်ဖွဲ့တွေ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့အတူ PDF တပ်ဖွဲ့တွေ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့၊ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗန်းမော်၊ လုံးခင်း၊ ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) စတဲ့ ကချင်ပြည်နယ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ ကရင်နီတပ်မတော် (KA)၊ ရှမ်းတောင် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ ဘော်လခဲ၊ လွိုင်ကော်၊ ဒီးမော့ဆိုး၊ ဖရူဆို KNDF က KNDF/B- 10 ၊ KNDF/B-15 နဲ့ KNDF/B-07 စတဲ့တပ်ရင်းတွေ၊ ဒေသခံ PDF တပ်ဖွဲ့တွေ၊ ချင်းပြည်နယ် ချင်းကာကွယ်ရေးတပ် (CDF) (Chinland Defense Force) မင်းတပ်၊ မတူပီ၊ ထန်တလန်၊ ဟားခါး စတဲ့ CDF ချင်းတော်လှန်‌ရေးတပ်ဖွဲ့တွေ၊ ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းက CNF/CAN ၏ တပ်မဟာ ၄ နယ်မြေတွင် ဇိုမီးလက်နက်ကိုင်တပ် (ZRO/ZRA) တပ်ဖွဲ့နှင့် CNF/CNA တပ်ဖွဲ့၊

အညာစစ်‌ဒေသ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းက ဒေသခံ PDF, LDF PRF တပ်ဖွဲ့တွေ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၃၊ တပ်ရင်း - ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) မှ ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၃၊ တပ်ရင်း - ၄ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄၊ တပ်ခွဲ - ၃ Monywa Nightking PDF ၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force နှင့် Spring Dove တပ်ဖွဲ့၊ ကလေး PDF၊ တမူး PDF၊ တန့်ဆည် PDF၊ မြင်းမူ People's knight Defense Force Myinmu (PKDF - MMU)၊ Dog Killers Defense Force Myinmu (DKPDF - MMU)၊ D.B.B.F - MMU စတဲ့ မဟာမိတ်အဖွဲ့တွေ၊ ယင်းမာပင်နယ်က သခင်ဒေါင်းညိုအဖွဲ့ အပါအဝင် ဆရာစံအဖွဲ့၊ ပုလဲဗိုလ်ဂဠုန်အဖွဲ့၊ ကိုဘသာအဖွဲ့နဲ့ ဒေသခံ Local အဖွဲ့တွေ၊ ပုလဲနယ်က ဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA)၊ ပုလဲမြို့နယ်အခြေစိုက်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၀ နဲ့ ပုလဲမြို့နယ် ပကဖ တိုက်နယ် (၇) တပ်ရင်းတွေ၊ မုံရွာက ဗိုလ်သံမဏိရဲ့ ဒေသခံကာကွယ်ရေးတပ်တွေ၊ ယောပြည်သူ့ကာကွယ်ရေးတပ် YDF၊ ဆော၊ ကျောက်ထု၊ ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြောင်ပြည်သူ့ကာကွယ်ရေးတပ်၊ မြောင်အမျိုးသမီးတပ်၊ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်၊ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်၊ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်ယက္ခတို့ရဲ့ စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း၊ ကနီပြည်သူ့ကာကွယ်ရေးတပ်၊ မန္တလေးတိုင်း ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (MDY-PDF)၊ ရန်ကုန်တိုင်း မြေအောက်တော်လှန်ရေးအဖွဲ့အစည်း ၁၄ ဖွဲ့က ဖွဲ့စည်းထားသည့်တပ်ပေါင်းစု Yangon Urban Guerrillas (YUG)၊ People's Defense Force - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Yangon Federal Army (YFA)၊ မြင်းခြံခရိုင်မှ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ Zero Nine (PDF-MGN)၊ နှလုံးလှလူမိုက်ကြီးများ‌ ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ 27 Revolution Forces (MGN) အဖွဲ့၊  မကွေးတိုင်း‌မှ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ စစ်ကိုင်းတိုင်းမှ ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLPDF)၊ ကျောက်ဆည်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDDF)၊ မန္တလေးတိုင်းမှ Mandalay Special Task Force (MSTF) တပ်ဖွဲ့တွေ၊ နွားထိုးကြီး၊ တောင်သာ မလှိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင်ပ.က.ဖ)၊ Nine PDF တပ်ဖွဲ့နှင့် ဗိုလ်ဇင်ယော် PDF တပ်ဖွဲ့၊ PDF-POL (ပြင်ဦးလွင်ပြည်သူ့ကာကွယ်ရေးတပ်)၊ PDF-NPT (နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်) MDY-PDF (မန္တလေးပြည်သူ့ကာကွယ်ရေးတပ်) Yangon Urban Guerrillas (YUG)၊ Yangon Federal Army (YFA)PRA (ပြည်သူ့တော်လှန်ရေးတပ်မတော်) Mandalay Special Task Force၊ People Revolution Alliance- Magway (PRA-Magway)၊ (MSTF)၊ ဆားလင်းကြီးမြို့နယ် National Revolutionary Guards (NRG/Salingyi) နှင့် Chindwin Dynamite MPDF တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ God's Hand Force၊ ဗန်းမောက် Banmouk Revolution-BR အဖွဲ့၊ လင်းယုန်နီ ကန့်ဘလူ၊ ကန့်ဘလူ စွန်ရဲ၊ ကျွန်းလှ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်း၊ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Kotaungbo Revoultion KTB-R၊ အရာတော်/ဝက်လက်/ရွှေဘို/ခင်ဦး/ရေဦး၊ တန့်ဆည် မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖအဖွဲ့များ၊ People’s Army to Fight Dictorshi- p (PADF) ၊ PADF တပ်ခွဲ Dog Killer PDF- MMU ၊ People’s Kinight Defence Force Myinmu (PKDF- MMU) နှင့် D.B.B.F- MMU စသည့် မဟာမိတ်တပ်ဖွဲ့၊ ရွှေဘို မိုးကြိုးမုန်တိုင်း၊ ဗိုလ်ကျားရိုင်း ရွှေဘို LPDF, ရွှေဘိုခရိုင်တပ်ရင်း ၁၅/၁၈၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမြို့နယ်၊ ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု၊ Khin U People Defence Force ဗိုလ်သံမဏိ၊ ဗိုလ်လင်းယုန် လက်ခွဲ ခင်ဦးမြို့နယ် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ လျှပ်စီးပျောက်ကြားအဖွဲ့ ဝက်လက်၊ ဗိုလ်မြေသြဇာ၊ Burmese Independent Army BIA ဒီပဲယင်း ဗိုလ်သိင်္ခအဖွဲ့၊ ဗိုလ်သတ္တိ၊ ဗိုလ်အဏ္ဍဝါ၊ သပြေညို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်တိုင်းအောင် TTA People Defense Force၊ ဝက်လက်မြို့နယ် နယ်စည်းမခြား တော်လှန်ရေးအင်အားစု၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည်မြောင်ပျောက်ကျားတပ်ဖွဲ့၊ မြောင်မြို့နယ် တော်လှန်ရေးတပ်၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် (Chaung U) နဲ့ တောင်ပိုင်း စစ်ဒေသ ကွပ်ကဲရေးရဲ့ S.O.F အမျိုးသမီးရဲမေများအဖွဲ့၊ ဘုတလင်နယ်မှာ Chindwin Brothers အဖွဲ့နှင့် ဗိုလ်ပွကြီးအဖွဲ့၊ ဗိုလ်တိုက်မောင်း၊ တပင်ရွှေ ထီး၊ Anonymous Hero အဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၅ နှင့်  Fighter 9 Force Salingyi တပ်ဖွဲ့တွေ 

‌မြေလတ်ပိုင်းက PDF တပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေ၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်၊ မင်းလှမြို့နယ်အတွင်း ပဲခူးရိုးအစပ်တွေက ဒေသခံကာကွယ်ရေးတပ်တွေ၊  မြန်မာပြည်အောက်ပိုင်းက ပဲခူးပြည်သူ့ကာကွယ်ရေးတပ် PDF၊ ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ နဲ့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ပူးပေါင်းတပ်ဖွဲ့တွေ၊ PPDF (ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တပ်ရင်း(၁)၊ People's Force TPDF၊ United Democratic Force၊ People Guard Force, People's Force (MTHSF) PPDF

Free Revolutionary Force, People's Force (အာဠာဝက)၊ ပကဖ(ဘီးလင်း)၊ Hawk Revolutionary Squad၊ ပေါင် Paung Lion, Tiger,Snake Special Force Paung၊ ပကဖ(သထုံ)၊ ပကဖ(ပေါင်)၊ TPG တပ်ရင်း(၂) PDF၊ Local PDF (Theinzayat) KRF၊ ကျောက်ညှပ်/လင်းယုန်၊ ကိုငယ်လေးပြောက်ကျားတပ်ဖွဲ့၊ ခရမ်း PDF တပ်ရင်း(၃)PDF၊ တပ်ရင်း(၄) PDF Black Warriors Force တပ်ဖွဲ့တွေ၊ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF)၊ မွန်ပြည်နယ် ရေးမြို့နယ်က ရေးဘီလူးအဖွဲ့ စတာတွေဟာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေကြတဲ့ ပြည်သူ့ရမ်ဘိုတပ်ဖွဲ့တွေပဲ ဖြစ်ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် နိုင်ငံတော်နဲ့ ပြည်သူကို သစ္စာဖောက်ဖျက်ပုန်ကန်ပြီး လက်နက်နဲ့ အကြမ်းဖက် အာဏာလုယူခဲ့တဲ့ စစ်ခွေးရူး မင်းအောင်လှိုင်နဲ့ ခါးပိုက်ဆောင်ဖက်ဆစ်တပ်ကို အပြီးတိုင် ဖျက်သိမ်းဆုံးမ အပြစ်ပေးဖို့ ဖက်ဒရယ်ပြည်ထောင်စုသစ်ကို အတူတည်ထောင်ကြမယ့် နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေဟာ အဓမ္မဝါဒီစစ်မိစ္ဆာတွေကို ရှင်းလင်းသုတ်သင်ကြမယ့် တရားဘက်တော်သား ပြည်သူ့ရမ်ဘိုများ ဖြစ်လာကြတာကြောင့် မဝေးတော့တဲ့ကာလမှာ စစ်အမြစ်ကြွင်းအမြစ်ကျန်မှန်သမျှကို ရှင်းလင်းဖယ်ရှားနိုင်တော့မှာ မုချဧကန်ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024