Home
မြန်မာသတင်း
ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရ
DVB
·
March 22, 2023

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဗဟိုထောက်လှမ်းရေးဌာန (CIB) သတင်း ဖော်ပြချက်အရ သိရပါတယ်။

မတ်လ ၂၀ ရက် မနက် ၁၀ နာရီလောက်က ကန်ချနာပူရီခရိုင် လမ်းမပေါ်က စစ်ဆေးရေးဂိတ်တခုမှာ အနက်ရောင် ပစ်ကပ်ကားတစီးက အစစ်ဆေးမခံဘဲ အရှိန်ပြင်းစွာ မောင်းနှင်သွားတဲ့အတွက် လိုက်လံဖမ်းဆီးရာကနေ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ မောင်းပြေးသွားတဲ့ယာဥ်ကို စစ်ဆေးရေးဂိတ်နဲ့ ကီလိုမီတာ ၄၀ အကွာမှာ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးရာ အသက် ၃၇ နှစ်အရွယ် ထိုင်းလူမျိုး ယာဥ်မောင်းဖြစ်သူ မောင်းနှင်လာပြီး ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့ကနေ ကန်ချနဘူရီမြို့ကို ပို့ဆောင်ခ ဘတ် ၇,၀၀၀ ကနေ ၈,၀၀၀ အထိ ရရှိတဲ့အတွက် သယ်ဆောင်လာခဲ့တာလို့သိရပြီး ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမားတွေနဲ့ ယာဥ်မောင်း ထိုင်းလူမျိုးကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ ကန်ချနဘူရီ ရဲစခန်းကို ပို့ဆောင်ထားပြီး အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ကန်ချနာဘူရီခရိုင်နဲ့ ပရာကျွတ်မြို့တို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀ ဦး ဖမ်းဆီးခံထားရပြီး ဖေဖော်ဝါရီလထဲမှာပဲ တရားမဝင် ခိုးဝင်နိုင်ငံသား ဖမ်းဆီးရမိသူ ၉၀ ခန့်ရှိပြီလို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024