Home
မြန်မာသတင်း
စစ်ကိုင်းတွင် ရေလာလှူသည့်ကား နောက်ပြန်လိမ့်ကျပြီး အမျိုးသား ၁ ဦး သေဆုံး
DVB
·
March 8, 2023

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်း အာလောင်ကျေးရွာအဝင်၊ အာလောင် ၈ မျက်နှာဘုရားအတက်လမ်းမှာ ဘုန်းကြီးကျောင်းကို ရေလာလှူတဲ့ကား နောက်ပြန်လိမ့်ကျပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ထံကသိရပါတယ်။

မတ်လ ၇ ရက် မနက် ၁၀ နာရီလောက်မှာ အာလောင်းကျေးရွာက ဥတ္တရဘောဓိ ကျောင်းတိုက်ကို ​မန္တလေးက ရေလာလှူတဲ့ နိဗ္ဗာန်သုခ ပရဟိတအသင်းက ရေသယ်ယာဥ် ဘုရားအတက်လမ်းမှာ နောက်ပြန်လိမ့်ကျခဲ့တာကြောင့် အသက် ၆၈ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တာလို့ ထုံးဘိုအရန်မီးသတ် ဒုတပ်ခွဲမှူးက ပြောပါတယ်။

“တောင်ပေါ်ဘုန်းကြီးကျောင်း အတက်လမ်းက ကြမ်းတော့ နောက်ပြန်လိမ့်တာ။ သေတဲ့သူကတော့ အသက် ၆၁ နှစ်။ သူလည်း ပရဟိတသမားတယောက်ပဲ။ နွေရာသီဆို အမြဲလာလှူကြတာ၊ ကျနော်တို့ အမြဲမြင်တွေ့နေရပါတယ်။”

ကားပေါ်မှာ ယာဥ်မောင်းအပါအဝင် ၄ ယောက်ပါရှိပြီး အခုလို နောက်ပြန်လိမ့်ကျခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့အလောင်းကိုတော့ မန္တလေးကနေအိမ်ကို ပို့ဆောင်ခဲ့ပြီး မတ်လ ၈ ရက်နေ့မှာ မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024