Home
မြန်မာသတင်း
မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် မြန်မာဒုက္ခသည်အရေး ဆန္ဒပြ
DVB
·
February 13, 2023

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့မှာ မြန်မာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတချို့က ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အခုဆန္ဒထုတ်ဖော်မှုကို Maesot Myanmar Refugee Voice အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး “Myanmar Refugee save”၊ “Recognize and accept Burmese Refugee” စတဲ့စာတန်းတွေကို ကိုင်ဆောင်ပြီး အသံတိတ် ဆန္ဒပြခဲ့တာကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ၊ စစ်ရေးအရ တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂအနေနဲ့ ယူကရိန်းပြည်သူတွေကို ကယ်တင်သလို ကယ်တင်ပေးဖို့နဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ထိုင်းရဲနဲ့ လ.ဝ.က က ငွေညှစ်တာမျိုးတွေ ရှိတယ်လို့ ဆန္ဒပြခဲ့သူ အမျိုးသမီးတဦးက ပြောပါတယ်။

ဒုက္ခသည်တွေ အဖမ်းခံရရင်လည်း ထိုင်းရဲတွေက ငွေကြေး အဆမတန်တောင်းပြီး အဲဒီလိုအခါမျိုးမှာ UNHCR အနေနဲ့ ကူညီဆောင်ရွက်ပေးတာမျိုး မရှိတာကြောင့် ကူညီဆောင်ရွက်ပေးစေလိုပြီး လက်ရှိမှာလည်း ထိုင်းရဲတွေကို ပိုက်ဆံမပေးနိုင်လို့ ဘန်ကောက်ထောင်နဲ့ မဲဆောက် နှစ်ထပ်အကျဉ်းဆောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံရတာ အများကြီးရှိနေတယ်လို့ Maesot Myanmar Refugee Voice တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးအိမ်နဲ့ မဲဆောက်အချုပ်ထောင်ရှေ့မှာ မြန်မာဒုက္ခသည်တွေကို လေးစားအသိအမှတ်ပြုဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။

ဓာတ်ပုံ- Maesot Myanmar Refugee Voice

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024