ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက အရှေ့မြောက်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းမှာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်းမှာ ပညာပါရမီကျောင်းဖြစ်ပြီး ပျဉ်စီပျဉ်ထောင် ကျောင်းတဆောင်နဲ့ စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ အဆောင်နှစ်ဆောင် ဆုံးရှုံးသွားခဲ့တယ်လို့ ကျောင်းတွင်းနေထိုင်တဲ့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
“မီးလောင်တာက မနက် ၁ နာရီလောက်မှာ စပြီးလောင်တာပါ။ ဝါယာရှော့က လောင်တာဖြစ်တယ်။ ပျဉ်စီပျဉ်ထောင် ကျောင်းဆောင် တဆောင်နဲ့ စစ်ဘေးရှောင်တွေနေတဲ့ အဆောင်တဆောင် ပါသွားတယ်။ လူတွေကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာတော့ မရှိဘူး။ မနက် ၂ နာရီခွဲ နာရီလောက်မှာ မီးငြိမ်းသွားတယ်” လို့ပြောပါတယ်။
အဲဒီပညာပါရမီကျောင်းတိုက်မှာ စစ်ဘေးရှောင် အိမ်ထောင်စု ၃၆ စုက လူဦးရေ ၁၀၀ ကျော် ခိုလှုံနေကြပါတယ်။
ပြီးခဲ့တဲ့မေလတုန်းကလည်း မဟာမုနိစစ်ဘေးရှောင်းစခန်းမှာ မီးလောင်ခဲ့တာကြောင့် စခန်းတခုလုံး မီးလောင်ကျွမ်းခဲ့သလို စက်တင်ဘာလတုန်းကလည်း မြောက်ဦးမြို့နယ် ပန်းမြောင်းကျေးရွာမှာ နေအိမ် ၁၅ လုံးနဲ့ ဆိုင်ခန်း ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြပါတယ်။