ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က နာမည်ကျော် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်ကနေ ဇန်နဝါရီ ၂၃ ရက်အထိ မြို့တော်ခန်းမအနီး ပန်းခြံမှာ ကျင်းပနေပါတယ်။
ပန်းခြံအတွင်း ဇုန် ၆ ဇုန် ခွဲထားပြီး၊ ဇုန် ၁ မှာ အပူပိုင်းမိုးသစ်တော အလှပန်းမျိုးစုံ၊ ဇုန် ၂ မှာ ဆောင်းရာသီပန်းတွေ၊ ဇုန် ၃ မှာ အပူပိုင်းဒေသပန်းတွေ၊ ဇုန် ၄ မှာ အရောင်အသွေးစုံပန်းတွေ၊ ဇုန် ၅ မှာ ခရမ်းရောင် လာဗင်ဒါပန်းခင်းနဲ့ ဇုန် ၆ မှာတော့ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ဂီတရေပန်းရှိုးနဲ့ ပန်းခင်းအလှတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ပန်းမျိုးစုံ ပြသထားတဲ့ ချင်းမိုင်ပန်းပွဲတော်ကို ဒီကနေ့ ခရစ္စမတ်ညမှာ လာရောက် လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေ အများအပြား ရှိနေပါတယ်။
ပန်းပွဲတော်ဝင်ကြေး အခမဲ့ဖြစ်ပြီး မနက် ၈ နာရီကနေ ည ၁၀ နာရီ အချိန်ထိ ဖွင့်လှစ်ပေးထားပါတယ်။ အရောင်အသွေးစုံတဲ့ ချင်းမိုင်း ပန်းပွဲတော်ကို ၁၉၇၇ ခုနှစ်ကနေ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Photo-ဇွဲသစ်