Home
မြန်မာသတင်း
မြောက်ဦးတွင် စစ်ကောင်စီတပ် ဖမ်းထားသည့် လူငယ် ၁ ဦး ပြန်လွတ်မြောက်
DVB
·
November 23, 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ နိုဝင်ဘာ ၂၂ ရက် ညပိုင်း စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ လူငယ်တယောက် ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့နယ် ညောင်ပင်လယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် ကိုမောင်ဆန်းဝင်းကို နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီခွဲလောက်မှာ ခမရ ၃၇၇/၃၇၈ တပ်ရင်းက ပြန်လွှတ်ပေးလိုက်တာလို့ ဒေသခံတယောက်က ပြောပါတယ်။

ကိုမောင်ဆန်းဝင်းဟာ နိုဝင်ဘာ ၂၁ ရက် မနက် ၁၀ နာရီလောက်မှာ ညောင်ပင်လယ်ရွာကနေ စက်လှေနဲ့ မြောက်ဦးမြို့ကို မှတ်ပုံတင်ပြုလုပ်ဖို့ သွားတဲ့အချိန် စစ်ကောင်စီတပ်သားတွေနဲ့ ရဲ ၃၀ လောက်က အေအေတပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး မြောက်ဦးဆိပ်မှာ ဖမ်းဆီးခဲ့ကြတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့အချိန်မှာ မျက်နှာကိုအုပ်ပြီး စစ်ကောင်စီတပ်သားတွေက ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်ခဲ့ကာ အဲဒီလူငယ်လေး ပြန်လယ်လွတ်မြောက်ဖို့အတွက် ညောင်ပင်လယ်ရွာ အုပ်ချုပ်ရေးမှူးက အာမခံခဲ့ရပြီး ငွေ ၄၀၀,၀၀၀ ကျပ် ပေးခဲ့ရတယ်လို့ သတင်းကြားကြောင်း ဒေသခံက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ပြီးနောက်ပိုင်းမှာ သံဃာတော်တွေ၊ ပရဟိတသမားတွေ၊ သတင်းသမားတွေနဲ့ လူငယ်တွေကို ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မတရားဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024