Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၌ စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံး
DVB
·
October 17, 2022

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းက ရွာ ၃ ရွာကို စစ်ကောင်စီက ဒီ‌နေ့မနက် ၇ နာရီကျော်လောက် MI35 တိုက်လေယာဉ်နဲ့ ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသမီးတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လေယာဉ်နဲ့မတိုက်မီ ဒီနေ့ မနက် ၅ နာရီက ရဲအင်အား ၂၀ ရှိတဲ့ ရွှေပန်းကုန်းရဲစခန်းကို  အင်အား ၅၀ ပါ PDF အဖွဲ့ ၃ ဖွဲ့က သွားတိုက်ရာမှာ ၃ ယောက် မစိုးရိမ်ဒဏ်ရာရခဲ့ပေမဲ့  စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာ ရှိ၊ မရှိ အတိအကျ မသိဘူးလို့ ဝက်လက်မြို့နယ်အနောက်ခြမ်းခေါင်းဆောင် ဆရာစိုးက ပြောပါတယ်။

“ဒေသခံ Local အဖွဲ့တွေက ရွှေပန်းကုန်းရွာ ရဲစခန်းကို သွားသိမ်းရာကနေ အခုလို လာပစ်တာဖြစ်နိုင်တယ်။ သူတို့‌လေယာဥ်နဲ့ ပစ်တာကကတော့ သမရိုးရွာမှာ တခါပစ်တယ်၊ ရွှေရိုးကျရွာမှာ တခါပစ်တယ်၊ ရင်းမတောရွာ တခါပစ်တယ်။ အဲလိုပစ်ခတ်လို့ ကျနော်တို့ ရင်းမတောရွာက အမျိုးသမီးတဦး သေဆုံးတယ်။ အခုဟာက လောလောဆယ်အတည်ပြုရတဲ့ သတင်းပါဗျ။ နောက်ထပ်လည်း သေဆုံးဒဏ်ရာရတာတွေ ရှိနိုင်သေးတယ်ဗျ။ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်။” 

အခုလို စစ်ကောင်စီက ပထမအကြိမ် အောက်တိုဘာ ၈ ရက်နေ့က ဝက်လက်မြို့နယ်အရှေ့ခြမ်း ဘုရာလေးကုန်းရွာကို လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁၈ ဦးနဲ့ PDF အမျိုးသမီး ၂ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024