စစ်ကိုင်းတိုင်း ကလေးမြို့မှာ အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းက ကြို့သုံးပင်ရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မြို့တွင်းမှာလှည့်ပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာ။ တိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်သံတွေ ကြားရတယ်။"
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို ကလေးမြို့တွင်းတော်လှန်ရေးတပ်ဖွဲ့ Operation Mo Mo က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်ကျဆုံးမှုစာရင်းကိုတော့ အတည်ပြုလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။
ကလေးမြို့တွင်းအတွင်း သီတင်းကျွတ်လပြည့် ဒီနေ့မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေက လူစည်ကားရာနေရာအများအပြားမှာ လုံခြုံရေးယူထားပြီး ဗုံးပေါက်ကွဲမှု ၃ကြိမ်အထိဖြစ်ခဲ့ပါတယ်။