Home
မြန်မာသတင်း
မြောင်းမြမြို့မရဲစခန်းက အချုပ်သားအပါအဝင် ၈ ဦး ကိုဗစ်ပိုးတွေ့
DVB
·
September 16, 2022

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ စက်တင်ဘာ ၁၅ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

ရောဂါပိုးတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေဟာ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ဆေးခဲ့တဲ့ သူတွေဖြစ်ပြီး မြောင်းမြရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သားတွေအများဆုံးဖြစ်ကာ ၂ ဦးကတော့ ရပ်ကွက်ထဲကလို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက “တိုင်းကိုတော့ သတင်းပို့ထားတယ်၊ မြို့နယ်ကျန်းမာရေးက သူတွေလာစစ်တာ၊ တပ်ဖွဲ့ဝင် ၂ ဦးနဲ့ အချုပ်သား ၄ ဦးပိုးတွေ့တာ၊ စစ်တာတော့ အကုန်လုံးစစ်ရတာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့သူတွေကို အတည်ပြုထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးသလို ရောဂါပိုးတွေ့ရှိတဲ့သူတွေကို သီးသန့်ခွဲထားပြီး ကုသတာမျိုးတွေတော့ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။ 

NLD အရပ်သားအစိုးရလက်ထက်က ရဲစခန်းတွေမှာ ပိုးတွေ့ရင် အသွားအလာကန့်သတ်တာမျိုးတွေ ပြုလုပ်ခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်တာကြောင့် အစားထိုးဖို့ တပ်ဖွဲ့ဝင်လိုအပ်ချက်ရှိနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024