Home
မြန်မာသတင်း
စစ်တပ် ထိုးစစ်ကြောင့် ဂန့်ဂေါဒေသခံ ၁၀၀၀ ကျော် ထွက်ပြေး
DVB
·
August 21, 2022

မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မြစ်သာဆည်ပေါ် တပ်စွဲနေတဲ့ စစ်တပ်ဟာ ဩဂုတ် ၂၁ ရက်မှာ ရွာ ၄ ရွာကို ထိုးစစ် ဆင်လာတာကြောင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စံပါယ်ရွာ၊ ပနန်းရွာနဲ့ စင်ပုံရွာဘက်ကို ထိုးစစ်ဆင်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးကြရပြီး စစ်တပ်က ရွာတွင်းဝင်ကာ ရွာသားတွေရဲ့ပစ္စည်းတွေကို ယူဆောင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

လတ်တလောမှာတော့ အဲဒီစစ်ကြောင်းဟာ ဂန့်ဂေါနယ်က စင်ပုံရွာသို့ ရောက်ရှိနေပြီး  တပ်စွဲ နေကြတယ်လို့ သိရပါတယ်။

ဂန့်ဂေါ PDF အဖွဲ့ တာဝန်ခံက "စင်ပုံရွာထဲတော့ မတိုက်ဘူး။ ရွာက ထွက်ရင်တိုက်ဖို့ အနေအထား ရှိတယ်။ ရွာထဲမှာ တိုက်ရင် ပြည်သူတွေ ရှိတယ်လေ။ ဒါကြောင့် ဒေသခံတွေကို တိမ်းရှောင်ဖို့ ပြောတာ"လို့ ပြောပါတယ်။

အဲဒီကျေးရွာက ဒေသခံတွေအနေနဲ့ စစ်တပ်နဲ့ ဘေးလွတ်ရာမှာ နေဖို့နဲ့ ဂန့်ဂေါနယ်ခံတွေအနေ နဲ့လည်း မြစ်သာဆည်တဝိုက်နဲ့ ဂန့်ဂေါ-မင်းရွာလမ်းပိုင်းကို အသုံး မပြုဖို့ ဂန့်ဂေါ PDF က အသိပေးထားပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ဂန့်ဂေါ်မြို့နယ်တွေကို မေလတတိယပတ်ကစပြီး စစ်ဆင်ရေး ဝင်ခဲ့တဲ့ စစ်တပ်ဟာ မေ ၂၆ ရက်မှာ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေရှိရာ မြစ်သာဆည်နားမှာ ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့ပြီး  ဇွန် ၁၉ ရက်မှာတော့ မြစ်သာဆည်က ထွက်လာတဲ့ စစ်ကြောင်းကို  PDF-ဂန့်ဂေါ (တောင်ပိုင်း) နဲ့ ပူးပေါင်းအဖွဲ့တွေက တန်ပြန်တိုက်ခိုက်ခဲ့သလို ဇွန် ၁၈ ရက်က  စစ်ကြောင်းတခုကိုလည်း PDF-ဂန့်ဂေါ (၇၀၁) တပ်ရင်း (YRPA)က မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်က ၅ ယောက် သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024