အကျဉ်းထောင်ထဲမှာ ကြိုးပေးကွပ်မျက်ခံရတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် သူရဲကောင်းတွေအတွက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို ဩဂုတ် ၂၀ ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီသံရုံးရှေ့မှာ ကျင်းပပါတယ်။
မတရားမှုတွေအတွက် ဆန့်ကျင်ဆန္ဒပြပွဲကို အလင်းရောင်လူငယ်များအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး “လူငယ့်ဆန္ဒ ပြည်သူ့ဆန္ဒ။ ပြည်သူ့ဆန္ဒ လူငယ့်ဆန္ဒ၊ မတရားမှုမှန်သမျှ အားလုံးဆန့်ကျင်ကြ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ယောက်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အကျဉ်းထောင်ထဲတွင်း သေဒဏ်ပေး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။