မန္တလေးတိုင်း မတ္တရာမြို့နယ် ညောင်ငုတ်တိုနဲ့ ကျောက်ဆည်လေးကျေးရွာကြားမှာ ဩဂုတ် ၁၇ ရက်က နယ်မြေရှင်းလင်းဖို့ လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ကား ၈ စီးပါယာဥ်တန်းကို ပဒေသာမိုင်းတွေနဲ့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ ကား ၁ စီးထိသွားပြီး စုစုပေါင်း ၁၂ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။
ကျောက်ဆည်လေးကျေးရွာဘက်မှာ အင်တာနက်လိုင်းတွေ အဆင်မပြေတာကြောင့် နောက်ကျပြီးမှ အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း မတ္တရာမြို့နယ် တောင်ကန်ကျေးရွာနဲ့ မြှောင်းဦးရွာချင်းဆက် တံတားမှာ ပဒေသာ ၄ လုံး တွဲမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၄ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။