မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၃ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားရှိ အမှတ် ၉ မြို့မရဲစခန်းမှာ ဩဂုတ် ၉ ရက် ည ၈ နာရီလောက်က မတော်တဆကျည်ထွက်ပြီး ရဲတဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တာဝန်ကျ ရဲတပ်သားတဦး ကိုင်ဆောင်တဲ့ သေနတ်ကျည်ထွက်ပြီး ခြေဖမိုး ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တာလို့ စခန်းအနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ ရဲတပ်သားကို ဆေးရုံကြီးမှာ တင်ပို့ထားပြီး ခွဲစိတ်ကုသမှု လုပ်နေတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကလည်း အမှတ် ၉ ရဲစခန်းရှေ့မှာရှိတဲ့ အတားအဆီးတွေကို ဝင်တိုက်မိတဲ့အတွက် လူငယ်တဦး ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။