မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာလက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူး ၃ ယောက် ဩဂုတ် ၁၀ ရက် မနက် ၈ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
ဝသုန္ဒကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်သောင်း၊ လင်းမြွေချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းနဲ့ ထီးတော်မိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလွင်တို့ လက်ဖက်ရည်သောက်နေချိန် အမည်မသိအမျိုးသားတွေက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ မတ္တရာမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“ကောင်းထက်စံ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် ပစ်သွားကြတာ။ အုအ်ချုပ်ရေးမှူးနှစ်ယောက် ပဲထိသွားတယ်တဲ့။ သေတယ်လို့တော့ မကြားမိဘူး။ ဆေးရုံပို့ထားတယ်လို့တော့ ကြားတယ်။”
သေနတ်နဲ့ပစ်ခံရတဲ့အတွက် ထီးတော်မိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလွင်မှာ လက်မောင်း ဒဏ်ရာရရှိခဲ့ပြီး လင်းမြွေချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းမှာ ရင်ဘက်၊ ပေါင်တို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။