စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာကို သြဂုတ် ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မနက် ၉ နာရီလောက်က စစ်တပ်ရယ် ပျူစောထီးအဖွဲ့ရယ် လက်နက်တွေနဲ့ ကသာကနေ မော်တော်နဲ့ ရောက်လာတယ်။ ကျေးရွာထဲက အိမ်တအိမ်ကို ဝင်ရှာတာ။ ရှာတဲ့သူမတွေ့လို့ သူ့မိန်းမရယ် သမီးရယ် သားရယ် ချွေးမရယ်ကို ဖမ်းသွားတယ်။ သူတို့ကို ဖမ်းခေါ်သွားတုန်း လမ်းမှာတွေ့တဲ့သူတွေကိုလည်း ဖမ်းသွားတယ်။ အဖမ်းခံရတာ အနည်းဆုံး ၁၀ ဦးလောက်ရှိတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူအများစုမှာ ဒေသခံပြည်သူတွေဖြစ်ပြီး ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကျဲတာတွေ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေ ရှိနေပါတယ်။