မန္တလေးတိုင်း သာစည်မြို့နယ် ကြပ်စခန်းကျေးရွာအုပ်စု ကြပ်စခန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ဇူလိူင် ၂၀ ရက် မနက်က သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မိုးမလင်းခင် မနက်အစောကြီးက သေနတ်သံတွေ ကြားရတယ်၊ မနက်လင်းတော့ အုပ်ကြီးတို့ လင်မယားကို အိပ်ရာထဲအထိ ဝင်ပစ်သွားတာ ၂ ဦးလုံး သေသွားတယ်။ ကျည်ဆန်အခွံတွေလည်း တော်တော်များ တွေ့ရတယ်၊ အလောင်းတွေကိုတော့ ယင်းမာပင်ရွာဆေးရုံ ပို့ထားတယ်။”
ကြပ်စခန်းကျေးရွာအုပ်စုမှာ ရွာ ၅ ရွာ ရှိကာ အသက် ၅၅ နှစ်အရွယ် ဦးနေလင်းအောင်ဟာ အုပ်စု အုပ်ချုပ်ရေးမှူးတဦးဖြစ်ပြီး ဇနီးဖြစ်သူက ဒေါ်အေးလင်းသက် ဖြစ်ပါတယ်။
ဘယ်အဖွဲ့အစည်းက ဘာကြောင့် အခုလို ပစ်သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။