Home
မြန်မာသတင်း
အုတ်ဖို့မြို့နယ်က နေအိမ် ၄ လုံးကို စစ်ကောင်စီ ချိပ်ပိတ်
DVB
·
July 17, 2022

ပဲခူးတိုင်း၊ အုတ်ဖို့မြို့နယ်မှာ ဇူလိုင် ၁၆ တရက်တည်း နေအိမ် ၄ လုံးကို စစ်ကောင်စီက အင်အားအလုံးအရင်း နဲ့ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့အိမ်တွေကတော့ အုတ်ဖို့မြို့၊ ရွာမရပ်ကွက်၊ ရွာမ ၄ လမ်းက တရားလွှတ်တော်ရှေ့နေ ကိုရဲ နေအိမ်၊ ကွင်းကျယ်ရွာက ကိုမောင်ဝင်း နေအိမ်၊ ကိုင်းကြီးရွာက ကိုအေးမင်း နေအိမ်၊ ကြို့ကြာကွင်းရွာက ကိုမင်းနေတို့ဖြစ်တယ်လို့ ဒေသခံတယောက် ပြောပကါတယ်။

“မနက်ခင်းဘက်မှာ လာလုပ်ကြတာ၊ ရှေ့နေကိုရဲတို့အိမ်ကို အရင်လာကြတာ၊ အိမ်ကိုသော့ဖျက်ပြီး၀င်တာ၊ အထဲက ပစ္စည်းတွေကို သူတို့နဲ့အတူပါလာတဲ့ ဖောကားပေါ်ကို အကုန်တင်ပြီးမှ အိမ်ကို သော့နဲ့ပြန်ခတ်ပြီး စာကပ်သွားတာ။ စာက - ဤအဆောက်အဦးနဲ့မြေနေရာသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆပ်စက်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်သောကြောင့်၊ မကျူးကျော်ရ၊ ရောင်းချခြင်း၊ ရောင်းဝယ်ခြင် မပြုလုပ်ရဆိုတဲ့ အနီရောင်စာကြီးကို အိမ်တံခါး၀မှာလာကပ်သွားတာ၊ ပြီးတော့မှ ရွာဘက်တွေကိုထွက်သွားကြတာ။ တရားရုံးကလူတွေ၊ ရဲတွေ၊ စစ်သားတွေအများကြီးပဲ၊ ကားတွေလည်း အများကြီးပဲ လာကြတာ။” 

ရှေ့နေ ကိုရဲဟာ  စစ်ကောင်စီက  အရင်ကတည်းက လာရောက်ရှာဖွေဖမ်းဆီးတာကြောင့် မိသားစုနဲ့အတူ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ 

နေအိမ်ချိပ်ပိတ်ခံရတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေကိုရဲက “အိမ်က ကျနော်ပိုင်တာမဟုတ်ဘူး၊ စာရွက်စာတန်းလည်း အပြည့်အစုံရှိတယ်။ ကျနော့်အမေတို့ ညီအစ်မ ပိုင်တာ၊ သူတို့တောင် အမွေမခွဲရသေးဘူး၊ သူတို့လုပ်တာက တရားဥပဒေနဲ့လဲမညီဘူး” လို့ ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ကိုရဲ နေအိမ်ပြီးနေပြီးနောက် ကိုင်းကြီးရွာ၊ ကြို့ကြာကွင်းရွာ၊ ကွင်းကျယ်ရွာတွေမှာလဲ နေအိမ် ၃ လုံး ချိပ်ပိတ်သွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024