အိန္ဒိယ- မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့၊ စန္ဒကူးရပ်ကွက်ရှိ တရားရုံးမှာ ဇူလိုင် ၁၆ ရက် ဒီနေ့မနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။
တမူးမြို့ခံတဦးက "မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ အသံကြားလိုက်ရတာ။ တရားရုံးအတွင်း ပေါက်ကွဲမှုဖြစ်သွားခဲ့တာ။ အဆောက်အဦး တချို့ထိခိုက်ပျက်စီးနိုင်ပေမဲ့ သေချာတော့ မသိရသေးဘူး။ ရုံးဝန်းအတွင်းက ဝန်ထမ်းတွေတော့ ထိခိုက်မှုမရှိခဲ့ဘူး"လို့ ပြောပါတယ်။
ဒီနေ့မနက်ပိုင်းက တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး တိုက်ပွဲတွင်း ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
လတ်တလောမှာ တမူးမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဘေးလွတ်ရာဒေသတွေမှာ နေထိုင်ကြဖို့ကို လည်းတမူး PDF က အသိပေးထားပါတယ်။