တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ကားတစီးနဲ့ ခရီးတင်တင်ကားတစီး တိုက်မိပြီး စစ်ကောင်စီကားမှ ၃ ယောက် သေဆုံးကာ ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၂ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က ထားဝယ်ဘက်မှ ဆင်းလာတဲ့ နေလ ခရီးသည်တင်ကားနဲ့ ပလောက်မြို့ဘက်တက်လာတဲ့ စစ်ကောင်စီတပ်ကကားတို့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ထားဝယ်ဘက်က ဆင်းလာတဲ့ ခရီးသည်တင် နေနဲ့လယာဉ်လိုင်းကားနဲ့ တိုင်းဗဟို ၁၂ မှ ထွက်လာတဲ့ အင်အားအပြည့်နဲ့ စစ်ကားတဲ့။ တပ်ရှေ့အနားမှာပဲ တိုက်မိကြတာ” လို့ ပြောပါတယ်။
ခရီးသည်တင်ကားမှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘဲ စစ်ကားမှ ဒဏ်ရာရရှိသူတွေကို ကနဦး ပလောက်ဆေးရုံမှာ ဆေးကုသမှုပေးနေပြီး ညနေဘက်မှာ မြိတ်ဆေးရုံကို ပို့လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေနဲ့လ ခရီးသည်တင်ယာဉ်နဲ့ ခရီးသည်တွေကိုတော့ ပလောက်မြို့ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။