ကမ္ဘာ့ရွှေစျေး တစ်အောင်စကို ဒေါ်လာ ၁၈၀၀ အထက် ပြန်လည်မြင့်တက်လာပေမယ့် ပြည်တွင်းရွှေစျေးက ကျပ်သိန်း ၂၀၇၀,၀၀၀ အောက် ပြန်လည်ကျဆင်းလာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက် ညနေပိုင်းက ကမ္ဘာ့ရွှေပေါက်စျေး တစ်အောင်စကို ဒေါ်လာ ၁၈၀၀ အောက်ထိကျဆင်းခဲ့ပေမဲ့ ပြည်တွင်း အခေါက်ရွှေစျေးနှုန်းက တစ်ကျပ်သားကို ကျပ်သိန်း ၂၀၈၀,၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။
ဒီနေ့ ဇူလိုင် ၄ ရက် ညနေပိုင်းမှာ ပြည်တွင်း အခေါက်ရွှေစျေး တစ်ကျပ်သားကို ကျပ်သိန်း ၂၀၇၀,၀၀၀ အထက်သာရှိပြီး၊ ကမ္ဘာ့ရွှေစျေးက ၁ အောင်စ ကို ၁၈၀၈ ဒေါ်လာရှိနေပါတယ်။
ပြည်တွင်းရွှေစျေးဟာ အရင်ကတော့ ကမ္ဘာ့ရွှေပေါက်စျေးအပေါ် မူတည်ပြီး အတက်အကျ ဖြစ်လေ့ရှိပေမဲ့ အခုအခါ ကမ္ဘာ့ရွှေစျေးအတက်အကျနဲ့ ပြောင်းပြန်အချိုးကျနေတာပါ။
ဒေါ်လာငွေလဲနှုန်းကို မြန်မာကျပ်ငွေ ၁၈၅၀ သတ်မှတ်ချက်နဲ့ ရွှေစျေးကို တွက်ချက် အရောင်းအ၀ယ်ပြုလုပ်ဖို့ စစ်ကောင်စီက စီမံခဲ့ပေမဲ့ ပြင်ပငွေလဲစျေးကွက်မှာ တစ်ဒေါ်လာကို မြန်မာကျပ် ၂၂၀၀ ၀န်းကျင်မှာ ဖြစ်ပေါ်နေပါတယ်။