ပြည်သူအတွက် ရဟတ်ယာဉ်၀ယ်ယူခဲ့မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့အပေါ် စွဲဆိုထားတဲ့ အဂတိမှုတွေကို ဇွန် ၂၇ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရုံးထုတ်မှာ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေထဲက ပုဒ်မ ၄၆ အတွက် လူကယ်ပြန် ဒုတိယ၀န်ကြီး ဦးစိုးအောင်ကိုပဲ ဆက်လက်ပြီး အပြန်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်က ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါ အသုံးပြုဖို့ ရဟတ်ယာဉ် တစီး ဝယ်ယူတာ၊ ငှားရမ်းတာ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တွေကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရုံးချိန်မှာ တရားလိုဘက်က ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်တဲ့ အစိုးရနဲ့ ကုမ္ပဏီကြား စာချုပ်စာတမ်း ကို တင်ပြထားပါတယ်။
ရုံးချိန်းကြားနာမှုမစခင်မှာ စွပ်စွဲခံရသူတွေနဲ့ သူတို့ရဲ့ ရှေ့နေတွေ တွေ့ဆုံခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကျန်းမာရေ းကောင်းမွန်တယ်လို့လည်း သိရပါတယ်။