Home
မြန်မာသတင်း
ဧရာဝတီသတင်းဌာန ဓာတ်ပုံသတင်းထောက်ဟောင်းကို ရုံးထုတ်စစ်ဆေး
DVB
·
June 15, 2022

ဖမ်းဆီးခံထားရတဲ့ ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ကို ဇွန် ၁၅ ရက်က အိုးဘိုထောင်တွင်းတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ရုံးထုတ်မှာ တရားလို၊ အမှုစစ်နဲ့ သက်သေအကုန် စစ်ဆေးခဲ့ပြီး နောက်တပတ်ရုံးချိန်းမှာ စွဲချက်လျှောက်လဲချက် တင်မယ်လို့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ရဲ့ ရှေ့နေက ပြောပါတယ်။

“တရားလို ရဲအုပ်နဲ့ အမှုစစ် ဒုရဲအုပ် အပါအဝင် ရှာဖွေသက်သေတွေ အကုန်စစ်တယ်။ နောက်တပတ်ရုံးချိန်းမှာ လျှောက်လဲချက်တင်မှာ။” 

ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ဟာ ဧပြီ ၁၀ ရက်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတာပါ။

ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ဇော်ဇော် (ဒိုင်ယာနာ) ကို နန်းတွင်းစစ်ကြောရေးမှာ တလကျော်ကြာ စစ်ဆေးပြီး အိုးဘိုအကျဉ်းထောင်ကို ပို့ခဲ့ကာ မေ ၆ ရက်က တရားရုံးစွဲတင် စစ်ဆေးတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024