Home
မြန်မာသတင်း
ဟင်္သာတတွင် မီးရထားဆီရုံးစာရေးက ဆီဂါလန် ၈၆၀ ခန့် ရောင်းစားပြီး ထွက်ပြေး
DVB
·
June 8, 2022

ဧရာဝတီတိုင်း၊ ဟင်္သာမြို့မှာ မြန်မာမီးရထား ဆီရုံးစာရေးက ဆီဂါလန်ပေါင်း  ၈၅၇ ကို ရောင်းစားပြီး ထွက်ပြေးသွားတယ်လို့ ဒေသခံ မြန်မာမီးရထားဝန်ထမ်းအသိုက်အဝန်းကနေ သိရပါတယ်။  

မြန်မာ့မီးရထား တိုင်း-၉ ဟင်္သာတမြို့အခြေစိုက် မီးရထားစက်ခေါင်းရုံက ဆီရုံးစာရေး ဦးထက်အောင်ဟာ ပြီးခဲ့တဲ့မေလက ဆီတွေကို အရာရှိတွေနဲ့အတူရောင်းစားခဲ့ပြီး စာရင်းစစ်ဝင်စစ်ခါနီးမှာ ထွက်ပြေးတိမ်းရှောင်သွားတာလို့ နီးစပ်သူတွေက ပြောပါတယ်။ 

“သူက မလာတာ  တပတ်လောက်ရှိမယ်။ စာရင်းစစ်ကလည်းဝင်တော့မယ်။ ဆက်သွယ်လို့လည်းမရပေါ့။ နောက်ဆုံး တိုင်းစာရင်းစစ်ကဝင်စစ်တော့ ချောဆီ ၈၅၇ ဂါလန်လောက်ပျောက်နေတာကိုသိရတာ။ လူကြီးတွေနဲ့ ပေါင်းစားနေတာတော့ သိတာပေါ့။ အဲဒီလောက်များလိမ့်မယ်လို့ မထင်ထားတာ”လို့ နီးစပ်သူ တဦးက ပြောပါတယ်။ 

ဆီတွေပျောက်ဆုံးနေတာကို ဇွန် ၁ ရက်က  တိုင်းစာရင်းစစ်ကဝင််စစ်မှသိရပေမဲ့ ဆီရုံးစာရေးပျောက်ဆုံးနေတာဟာ ခေါင်းကြီးပိုင်းက အားလုံးအတူတူ ဝေစားပြီး စာရေးကိုလွှဲချတာကြောင့် ခုလိုမျိုး တိမ်းရှောင်သွားတာ ဖြစ်နိုင်တယ်လို့ မီရထားဝန်ထမ်းတွေက ပြောပါတယ်။

အခုလို စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဆီရုံးစာရေးနဲ့ ဟင်္သာတမြို့အခြေစိုက် မီးရထားစက်ခေါင်းရုံ တာဝန်ရှိသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခဲ့ခြင်းမရှိပါဘူး။ 

ဟင်္သာမြို့အခြေစိုက် တိုင်း ၉ မီးရထားစက်ခေါင်းရုံဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူများတာကြောင့် လပေါင်းများစွာ ရပ်နားခဲ့ရပြီးမှ ဝန်ထမ်း အင်အားအနည်းငယ်နဲ့ ပြန်လည် ပြေးဆွဲနေရတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024