ဓာတ်ဆီစျေးတွေတက်နေတာကြောင့် အလှူရှင်တွေနဲ့ရပ်တည်နေရတဲ့ မိုးကုတ်မြို့က လူမှုကူညီရေးအသင်းတွေအနေနဲ့ လူနာပို့ကူညီပေးဖို့ အခက်ခဲတွေရှိလာတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေ့ကနေ သိရပါတယ်။
လူမှုကူညီရေးအသင်းတွေက အဓိက အလှူရှင်တွေအပေါ်ရပ်တည်နေရတာဖြစ်ပြီး ဓာတ်ဆီစျေး တွေ တက်လာတဲ့အတွက် အခက်ခဲတွေရှိတဲ့အပြင် ကားပြင်ဆင်စရိတ်တွေလည်း ရှိတာကြောင့် အလှူရှင်တွေ မလှူတော့ရင် နားထားရတော့မှာလို့ မြို့ခံလူမှုကူညီရေးအသင်းမှာ တာဝန်ရှိသူ တဦးက ပြောပါတယ်။
"ဆီဈေးတက်တော့ရတဲ့ အလှူငွေနဲ့ မကာမိဘူး။ တချို့အသင်းကားတွေဆို နားထားရတယ်။ ဆီစျေးတက်နေတော့ မလိုအပ်ဘဲ ဘယ်မှကို မထွက်ဘူး။"
လူမှုကူညီရေးအသင်း ကားတွေအနေနဲ့ လမ်းကြောင်းများတဲ့လတွေဆိုရင် ဆီဖိုး တလကို ကျပ် သိန်း ၂၀ လောက် ကုန်ကျပြီး နယ်ဝေးလမ်းကြောင်း ပို့ရတဲ့အခါ ပိုကုန်တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ ဇွန် ၆ ရက်က စက်သုံးဆီစျေး 92 တဂါလံကို ၁၂၀၀၀ ကျပ်ထိ ရောက်ရှိနေပြီး လူမှုကူညီရေးအသင်းကားတွေလည်း အရင်လိုမြို့ထဲမှာ သွားလာနေတာ သိပ်မတွေ့ရဘူးလို့ ဒေသခံတွေကပြောပါတယ်။