Home
မြန်မာသတင်း
ဒေါက်တာဇော်ဝေစိုးနှင့် ယူကေဝန်ကြီးတွေ့ဆုံ၊ NUG အစိုးရကို ထောက်ခံကြောင်းပြောကြား
DVB
·
May 27, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေးတောင်းဆိုနေသူအားလုံးကို ယူကေအစိုးရက ထောက်ခံတဲ့အကြောင်း ယူကေနိုင်ငံ အစိုးရအဖွဲ့ဝင် ဝန်ကြီး အမန်ဒါမေးလ်လင်းက ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ယူကေနိုင်ငံရဲ့ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး  ပါလီမန်အမတ် အမန်ဒါမေးလ်လင်းတို့ မေ ၂၅ ရက်က လန်ဒန်မြို့ရှိ နိုင်ငံခြားရေးရုံးအဆောက်အအုံမှာ တွေ့ဆုံခဲ့ကြတာပါ။

ဒေါက်တာဇော်ဝေစိုးနဲ့ ပထမဆုံးအကြိမ် တွေ့ရတာ ဝမ်းသာတဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေကြောင်းလည်း ယူကေဝန်ကြီးက ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကိစ္စရပ်တွေ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်၊ ငြိမ်းချမ်းမှုနဲံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ NUG ကလည်း သတင်းထုတ်ပါတယ်။

မြန်မာနိုင်ငံအပေါ် UK နိုင်ငံရဲ့ အကူအညီပေးမှုတွေကို အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီကို ယူက အပါအဝင် အနောက်နိုင်ငံတွေက သံတမန်ဆက်ဆံ ရေးအဆင့် လျှော့ချထားချိန်မှာ အခုလို NUG အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့  ဆံဆက်ရေး တိုးမြှင့် ဆောင်ရွက်လာနေတာဖြစ်ပါတယ်။ 

Photo NUG

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024