Home
မြန်မာသတင်း
နေပြည်တော်ရှိ ပုဂ္ဂလိက ကျောင်းအချို့ အပိတ်ခံရ
DVB
·
May 25, 2022

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်း ကျောင်းဖွင့်ခွင့် အပိတ်ခံရတယ်လို့ စုံစမ်းသိရပါတယ်။

ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက “နိုင်ငံရေးနဲ့ ငြိစွန်းတာရယ်၊ နောက်တချို့ကျောင်းတွေကတော့ လိုအပ်ချက်တွေရှိတာရယ် အဓိကကတော့ နိုင်ငံရေးပဲ။ ဒါပေမဲ့ ပြန်လည်စိစစ်မယ်လို့လည်း ကြားတယ်။ ၁၆ ကျောင်းမှာ တကယ်မဟုတ်ဘဲနဲ့ နာမည်ပါလာတဲ့ ကျောင်းတွေ၊ နိုင်ငံရေးနဲ့ မငြိတဲ့ ကျောင်းတွေကို ပြန်ဖွင့်ခိုင်းမှာပေါ့။ ငြိတဲ့ကျောင်းတွေတော့ အပြီးပိတ်သိမ်းမယ်လို့လည်း ကြားတယ် “ လို့ ပြောပါတယ်။

အပိတ်ခံရတဲ့ကျောင်းတွေရဲ့ အမည်စာရင်း အတိအကျမသိရသေးပေမယ့် လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဥတ္တရသီရိမြို့နယ်က CAE ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်က မဟာပညာကိုယ်ပိုင်အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်က ထူးချွန်၊ တပ်ကုန်းမြို့နယ်က တော်၀င်စတဲ့ နာမည်ကြီးကျောင်းတွေ ပါ၀င်တယ်လို့ သိရပါတယ်။

အပိတ်ခံရတဲ့တာနဲ့ ပတ်သက်ပြီး အဆိုပါ ကျောင်းတာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

လက်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မနက်ဖြန် မေလ ၂၆ ရက်နေ့ကစပြီး ဇွန် ၁ ရက်နေ့ကို တနိုင်ငံလုံး ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ် စစ်ကောင်စီက သတ်မှတ် ကြေညာထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ ပြန်ဖွင့်လှစ်မယ့်ကျောင်းတွေမှာ ပညာမသင်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကြဖို့ ကျောင်းသားသမဂ္ဂတွေက တိုက်တွန်းနေသလို ဆရာ၊ ဆရာမတွေ အများအပြားကလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024