Home
မြန်မာသတင်း
မိုးဗြဲမြို့ပေါ် ကုန်စုံဆိုင်များ၌ စစ်တပ်ထုတ်ကုန်များကို PDF က သိမ်းဆည်း
DVB
·
May 16, 2022

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းဝယ်ဖောက်ကားတာ ရှိမရှိ ပြည်သူ့ကာကွယ်ရေးတပ်(MBPDF) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF(B-03) တို့ပူးပေါင်းပြီး မေလ ၁၅ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့အတွင်းရှိ ဆိုင်ခန်းတချို့မှာ ကွင်းဆင်းစစ်ဆေးနေစဥ် စစ်ကောင်စီထုတ်ကုန်တွေကို ဆက်လက်ရောင်းချတာတွေ့တဲ့အတွက် သိမ်းယူ ဖျက်ဆီးခဲ့ပြီး သက်ဆိုင်ရာဆိုင်ခန်းပိုင်ရှင်တွေကိုလည်း ​နောက်ထပ်ရောင်းချတာမလုပ်ဖို့ ထပ်မံသတိပေးခဲ့တယ်လို့ ဆိုပါတယ်။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ပထမဆုံး Facebook page မှာ စာထုတ်ပြီးသတိပေးတယ်၊ ဈေးဆိုင်တွေမှာ ကြေညာစာ ၂ ကြိမ်ကပ်ပြီး သတိပေး ခဲ့ပြီးပါပြီ။ ဒီတခါကွင်းဆင်း စစ်ဆေးခဲ့တာပါ၊ တချို့ဆိုင်မှာ သိမ်းဆည်းရမိတာတွေရှိပါတယ်။ ထပ်ပြီးရောင်းချခြင်းမပြုကြဖို့လည်း သိပေးမှုတွေ လုပ်ခဲ့ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကွင်းဆင်းစစ်ဆေးစဉ် ဈေးဆိုင်တချို့မှ ရောင်းချနေတဲ့ စစ်တပ်ထုတ်ကုန် Dagon အနီ၊ အဝါ၊ အစိမ်း၊ မု​ယော ၄၅ ဖာ၊ Army Rum 7 ဖာ၊ Red Ruby ၂ ကတ်၊ Premium gold  ၈ ဘူး၊ Myanmar rum ပိုင်း ၁၆ လုံး၊ Myanmar Beer ပုလင်း ၁ ကတ်၊ Adaman gold ၆ ဖာကို သိမ်းဆည်းရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး လိုက်နာမှုမရှိပါက ထိရောက်သော အရေးယူမှုတွေ ပြုလုပ်သွားမှေဖြစ်ပြီး မိမိတို့ရဲ့အမြတ်ငွေဟာ သွေးစွန်းငွေမဖြစ်ဖို့အတွက် အထူးသတိပြုစေလိုတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024