မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်အနီး မြို့ပတ်လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားမှာ မေလ ၁၀ ရက် မနက် ၉ နာရီလောက်က အမျိုးသား ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူတွေဟာ ပုသိမ်ကြီး မြို့နယ်၊ ဆင်ပွတ်ကြီးကျေးရွာနေ ကိုဖြိုးကျော် (၂၆-နှစ်)နဲ့ ကိုရဲရင့်အောင် (၂၅-နှစ်)တို့ဖြစ်ပြီး ဆိုင်ကယ်စီးလာတဲ့အချိန် ပစ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆင်ပွတ်ကြီးကျေးရွာ အခြေစိုက် သွေးသောက်အဖွဲ့ရဲ့ ဒုခေါင်းဆောင် ဖြိုးကျော်နဲ့ ရဲရင့်အောင်(ခ)နီတွတ်တို့ကို မန္တလေး မြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစုက သေနတ်နဲ့ ပစ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဖြိုးကျော်မှာ ပခုံး၊ ဂျိုင်း၊ လက်မောင်း၊ ပါးနဲ့ မေးစေ့တို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ရဲရင့်ကျော်မှာ ပခုံး၊ လက်မောင်း၊ လက်ပြင်တို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဆေးရုံတင်ပို့ထားတယ်လို့ သိရပါတယ်။