လေရှီးထွေအုပ်ရုံး၌ ဗုံးပေါက်ကွဲ
DVB
·
May 10, 2022
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် လေရှီုးထွေအုပ်ရုံးမှာ မေ ၉ ရက်ညက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
"မနေ့ ည ၁၁ နာရီ လေရှီုး ထွေအုပ်ဗုံးပေါက်တယ်။ ထွေအုပ်ရုံးကတော့ ထိခိုက်သွားတယ်၊ အမိုးတွေမှန်ကွဲသွားတယ်၊ လူတွေ ထိခိုက်တာ မရှိဘူး။ စစ်ကောင်စီတပ်တွေက မနက် ၃ နာရီ လောက်သေနတ်တွေ ပစ်ဖောက်နေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
လေရှီုးထွေအုပ်ရုံးပေါက်ကွဲမှုဟာ ဘယ်အဖွဲ့စည်းက လုပ်တယ်ဆို မသိရသေးပါဘူး။ နာဂကိုယ်ပိုင်အုပ်ချုပ်ဒေသမှာ စစ်ကောင်စီထွေအုပ်ရုံး ဗုံးပေါက်တာ ပထမဆုံးဖြစ်ပါတယ်။