Home
မြန်မာသတင်း
ပူတာအို-မကွေဇ-ခေါင်လန်ဖူးကားလမ်း မြေပြိုသဖြင့် ပြည်သူများ အခက်အခဲကြုံနေ
DVB
·
May 3, 2022

မြန်မာပြည်မြောက်ဖျားက ပူတာအို-မကွေဇ-ခေါင်လန်ဖူးကားလမ်းဟာ ဧပြီလကစတင်ပြီး မြေပြိုနေလို့ လမ်းပျက်စီးကာ ခရီးသွားပြည်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ပူတာအို-ခေါင်လန်ဖူးကားလမ်းတစ်လျောက် မြေပြုလို့ ခြေလျင်နဲ့သာ ခေါင်လန်ဖူးကို သွားနေရတယ်လို့ ခေါင်လန်ဖူးဒေသခံတဦးက ပြောပါတယ်။

"လမ်းစပြိုတာက မိုးရာသီအစ ဧပြီလကတည်းက ဖြစ်ပါတယ်။ ဒီရက်ပိုင်းပိုဆိုးလာတယ်။ ရီးဒမ်းကနေပြီး‌တော့ ခေါင်လန်ဖူးမြို့ထိ မြေပြိုလို့ ခြေလျင်နဲ့ပဲသွားရတယ်။ လမ်းတွေက အသစ်ဖောက်ထား‌တော့ မြေပြိုတယ်။ လမ်းက အကုန်ပျက်နေပြီ။ ခရီးသွားတွေ အရမ်းဒုက္ခရောက်နေတယ်။ လမ်းမြန်မြန်ပြုပြင်ပေးစေချင်တယ်” လို့ ပြောပါတယ်။

ပူတာအိုဒေသရဲ့ မိုးရာသီဟာ လနဲ့ချီ မိုးရွာတတ်လို့ မြေပြိုမှုမကြာခဏတွေ့ကြုံရပြီး ခေါင်လန်ဖူးမြို့ပေါ်ရပ်ကွက်တွေမှာလည်း နေအိမ်ထိ မြေပြိုတာတွေရှိလို့ မိသားစု ၃ အိမ် နေအိမ်ရွှေ့ပြောင်းရတဲ့ထိ အခြေနေဆိုးနေတယ်လို့ နောက်ထပ် ဒေသခံ နောက်တဦးက ပြောပါတယ်။

ခေါင်လန်ဖူးဒေသဟာ လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ခက်ခဲတဲ့ ဒေသဖြစ်လို့ ဒေသခံပြည်သူတွေ စား၀တ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကဏ္ဍတွေမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေတာဖြစ်ပါတယ်။

‌ပူတာအို-မကွေဇ-ခေါင်လန်ဖူးလမ်းဟာ NLD လက်ထက်က အစိုးရဘတ်ဂျက်နဲ့ စတင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကုန်မှာ ခေါင်လန်ဖူးမြို့ထိ ကားလမ်းဖောက်လုပ်နိုင်ခဲ့တာလို့ သိရပါတယ်။ 

ပူတာအို-ခေါင်လန်ဖူးလမ်းဟာ မိုးတွင်းရောက်တိုင်း မြေပြိုနေလို့ ခရီးသွားပြည်သူတွေ နှစ်စဉ် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ရင်‌ဆိုင်နေကြရတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024