Home
မြန်မာသတင်း
ရက္ခိုင့်တပ်တော် အေအေထံမှ စစ်ပညာသင်ယူခဲ့ဟု CDF-မင်းတပ်က ထုတ်ပြန်
DVB
·
April 26, 2022

ရက္ခိုင့်တပ်​တော်(အေအေ) ဆီမှာ စစ်ပညာသွားရောက်သင်ယူခဲ့တယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF- မင်းတပ်က ဧပြီ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် စစ်ပညာအားနည်းနေလို့ CDF-မင်းတပ်က ရဲဘော် အယောက် ၃၀ ကို ရက္ခိုင်တပ်တော် (အေအေ) ဆီမှာ စစ်ပညာသွားရောက်သင်ယူစေခဲ့တာလို့ ဆိုပါတယ်။

စစ်ပညာသင်ယူဖို့ စေလွှတ်ခဲ့တဲ့ CDF-မင်းတပ်က ရဲဘော် အယောက် ၃၀ အနက် နောက်ဆုံးအသုတ် ပြန်လာတဲ့ ရဲဘော်တွေကို ရက္ခိုင့်တပ်တော် AAက လက်နက်ခဲယမ်း အပြည့် အစုံ တပ်ဆင်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

CDF-မင်းတပ်အနေနဲ့ အရင်ကာလတွေမှာလည်း စစ်ပညာသင်ယူနိုင်ဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး နေရာပေါင်းစုံကို သွားရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားလက်ရုံးတပ်တော်ကိုလည်း ရက္ခိုင့်တပ်တော်ရဲ့ အကူအညီနဲ့ ဖွဲ့စည်းခဲ့တာလို့ အေအေရဲ့  ၁၃ နှစ်မြောက် မွေးနေ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အတွက် AA၊ MNDAA၊ TNLA မဟာမိတ် ၃ ဖွဲ့က တတ်နိုင်သလောက်ကူညီထောက်ပံ့သွားမယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ တစ်နှစ်ပြည့်နေ့ပေးပို့တဲ့  ဂုဏ်ပြုလွှာမှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024