Home
မြန်မာသတင်း
အယုဒ္ဓယတွင် မြန်မာအပါအဝင် တရားမဝင်လုပ်သား ၇၅ ဦးကို ထိုင်းရဲ ဖမ်းဆီး
DVB
·
April 26, 2022

ထိုင်းနိုင်ငံ၊ အယုဒ္ဓယစက်မှုဇုန် အလုပ်သမားစခန်းထဲမှာ မြန်မာလုပ်သားတွေ အပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၇၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒေသတွင်း တာဝန်ရှိသူတွေ၊ နယ်မြေခံ ကာကွယ်ရေး စေတနာ့ဝန်ထမ်းတွေနဲ့ အထူးစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်တဲ့အဖွဲ့က နောင်နမ့်ဆမ်စက်မှုဇုန်ထဲကို ဒီကနေ့ ဧပြီ ၂၅ ရက် မနက် ၆ နာရီခွဲလောက်မှာ ဝင်ရောက်စစ်ဆေးခဲ့ချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးချိန်မှာတော့ အလုပ်သမားစခန်းထဲမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ ပါဝင်နေပြီး သူတို့ထဲက ၁၁ ယောက်ကသာ နိုင်ငံတွင်း တရားဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ကိုင်ခွင့် အထောက်အထားရှိပြီး ကျန်တဲ့ ၇၅ ယောက်ကတော့ ဘာအထောက်အထားမှ မရှိသူတွေဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ သူတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုနဲ့ တခြားဥပဒေအရ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားလို့ ပြည်သူတွေ အသက်နဲ့ စည်းစိမ်ဥစ္စာ လုံခြုံမှုမရှိ၊ စီးပွားရေး အကျပ်အတည်းတွေ့ပြီး နိုင်ငံသားတွေဟာ ထိုင်းဘက်ကို အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာရာမှာ နေ့စဉ်လိုလို အဖမ်းခံရတာတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024