DVB Logo
Home
မြန်မာသတင်း
စစ်​ကောင်စီဒုတပ်ကြပ် ၁ ဦး ကျည်ဆန်များနှင့်အတူ အလင်းဝင်၊ ဩဇီတွင် ခိုလှုံခွင့်ရလိုဟုဆို
DVB
·
April 26, 2022
စစ်​ကောင်စီဒုတပ်ကြပ် ၁ ဦး ကျည်ဆန်များနှင့်အတူ အလင်းဝင်၊ ဩဇီတွင် ခိုလှုံခွင့်ရလိုဟုဆို
Donate to DVB

စစ်ကောင်စီတပ်ဘက်က ဒုတပ်ကြပ်တယောက် ကျည်ဆန်တွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ စီးယင်း ပြည်သူ့ကာကွယ်ရေး ပြည်သူ့စစ် Civic Defense Militia -CDM -Siyin က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ဒုတပ်ကြပ်ဟာ ၂၀၁၂ ခုနှစ်ကတည်းက စစ်ကောင်စီတပ်ထဲမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ အဆိုပါတပ်မ​တော်သားက မိခင်နဲ့ တွေ့ဆုံလိုပြီး ဩစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်ရချင်တယ်လို့ ပြောထားကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်တုန်းကလည်း ကလေးမြို့က တပ်ကြပ်ကြီးစာရေးတယောက်ဟာ ဇနီးဖြစ်သူနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ကြောင်းလည်း စီးယင်း ပြည်သူ့ကာကွယ်ရေး ပြည်သူ့စစ် Civic Defense Militia -CDM -Siyin က ထုတ် ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013