မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို မြေအောက်တော်လှန်ရေးအသွင် လှုပ်ရှားနေသူ ၆ ယောက် ဖမ်းဆီးခံထားရတယ်လို့ Truth Keeping Force-Amarapura က ထုတ်ပြန်ထားပါတယ်။
အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဧပြီ ၁၈ ရက်က တာဝန် ထမ်းဆောင်ရင်း ဆိုင်ကယ်နှစ်စီး၊ ကားတစ်စီး၊ လက်နက်ခဲယမ်းတချို့နဲ့ ဖမ်းဆီးခံရတာလို့ဆိုပါတယ်။
ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ထုတ်ဖော်မပြောချင်ပေမယ့် စစ်ကောင်စီက သတင်းထိမ်ချန်မှုတွေ၊ ရက်စက်ယုတ်မာ ကောက်ကျစ်မှုတွေနဲ့တကွ နောက်ယောင်ခံတာနဲ့ အကျပ်ကိုင်တာတွေ ပေါ်ပေါက်လာတာကြောင့် ထုတ်ပြန်တာဖြစ်တယ်လို့ Truth Keeping Force-Amarapura က ဆိုပါတယ်။
မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း မြေအောက်တော်လှန်ရေး လှုပ်ရှားမှုတွေ ဆက်တိုက် ဖမ်းဆီးခံနေရပြီး ပစ်ခတ်ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။