နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး လောင်းလုံးမြို့နယ်တွင် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
April 21, 2022
"တိုင်းပြည်အပေါ်စစ်တပ်ကျေးဇူး မူးလို့တောင်ရှုစရာမရှိ"ကြွေးကြော်သံနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ ဧပြီ ၂၁ ရက်က အပြာရောင် အင်္ကျီဆင်တူဝတ်ဆင်ကာ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး၊ လူငယ်တွေ၊ အမျိုးသမီးတွေ ၊ LGBTတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။