Home
သတင်းဓာတ်ပုံ
ထိုင်းနယ်ခြားစောင့်တပ်၊ KNLA နှင့် စစ်ကောင်စီတပ်တို့ ၃ ပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံ
DVB
·
April 15, 2022

ထိုင်းနယ်ခြားစောင့်တပ်၊ KNLA တပ်နဲ့ စစ်ကောင်စီတပ်တို့မှ တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေ  မြန်မာ-ထိုင်းနယ်ခြား သောင်းရင်းမြစ်အနီး (ထိုင်းဘက်ခြမ်း)မှာ ဧပြီ ၁၅ ရက် မနက်ပိုင်းက သုံးပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ-ထိုင်း ချစ်ကြည်ရေး အဓွန့်ရှည်ရေး ရည်ရွယ်ချက်နဲ့ နှစ်သစ်ကူးအခါသမယမှာ အခုလို တွေ့ဆုံခဲ့ကြတာဖြစ်ပြီး တွေ့ဆုံပွဲကို ထာ့ဆောင်ရမ်းမြို့နယ်အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ် ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဒီးကွယ်နဲ့ စစ်ကောင်စီရဲ့(မဲသဝေါအခြေစိုက်တပ်)တပ်ရင်းမှူးတစ်ဦးတို့  တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာတော့ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေချိန်မှာ ထိုင်းဘက်က ဒီတွေ့ဆုံပွဲကို စီစဉ်ခဲ့တာပါ။

မြန်မာနဲ့ထိုင်းတို့ရဲ့ တူညီတဲ့ ရိုးရာပွဲတော် သင်္ကြန်ကာလ နှစ်သစ်မင်္ဂလာတွေ့ဆုံပွဲကို တက်ရောက်လာတဲ့ KNLA နဲ့ စစ်ကောင်စီတပ်မှူး တို့ကို ထိုင်းနယ်ခြားစောင့်တပ်က နှစ်သစ်လက်ဆောင် ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

photo- ထိုင်းသတင်းဌာန

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024