Home
ဆောင်းပါး
မြနန္ဒာ စနိုက်ပါ ကြင်စိုး (သရော်စာ)
DVB
·
April 13, 2022

“မိုး မိုး . . . မိုးလားမောင်တို့”

“လေ လေ . . . လေလားမောင်တို့”

“လေ လေ . . . လေလားမောင်တို့”

“မိုး မိုး . . . မိုးလားမောင်တို့”

အဘစောမူးသာတို့ အိမ်ခြံဝိုင်းနားကို ရောက်တော့ မန်ကျည်းပင်အောက် ကွပ်ပျစ်ဆီက အသံတွေ ကြားရ၏။

လှမ်းကြည့်လိုက်တော့ အဘစောမူးသာ၏ မြေးပေါက်စတွေနှင့် ဘော်ဒါပေါက်စတွေ။ သူတို့အသံကို ကြားမှ သင်္ကြန်ဆိုတာကို သတိရမိ၏။

လေး ငါးနှစ်သားလေးတွေ အတိုင်အဖောက်ညီနေကြပါရောလား။ ဒီလောက် ပိစိကွေးလေးတွေက “မိုးတွေ လေတွေ” လုပ်လို့ပါလား ခင်ဗျာ။ အင်းပေါ့လေ အဘစောမူးသာရဲ့ မြေးတွေပဲဟာလို့ တွေးမိပြီး ပြုံးဖြစ်ပါတယ်။

“လာ လာ ဖေကြီးရေ . . . မျှော်နေတာ”

“မျှော်တုန်းမျှော်ဆဲ ဖေလည်းရောက်လာ”

“ဟား ဟား ဟား ဟား ဟား ဟား”

ဟိုးဘက် ခေတ်ကောင်းစဉ်အခါက ဒီလို သင်္ကြန်နားနီးပြီဆို အဘစောမူးသာဟာ “သံချပ်တွေ” အပျော်တမ်း စပ်နေကျပါတဲ့ ခင်ဗျ။ သင်္ကြန်ရက်တွေကျတော့ မြို့ပေါ်ကို သူ့ကားအိုကြီး နှိုးပြီး ကာလသားတွေကော ကလေးတွေပါတင်ကာ လည်ကြပါသတဲ့။

“စည်တိုတွေကော လင်းကွင်းတွေပါ ပါတာပေါ့ကွာ။ မင့်ကောင် စောဆာကီးလားတို့လည်း နှစ်တိုင်း လိုက်တယ်ကွ”

“အတိတ်ခေတ်ကောင်းတွေဟာ လွမ်းစရာနော် အဘ”

“အိမ်း . . . ဟုတ်သကွ၊ ငါ ရေးထားတဲ့ သံချပ်တွေကို ဆာကီးလားတို့ မိုးဇက်တို့က အဖွဲ့လိုက် အတိုင်အဖောက်ညီညီ တီးကြ ဟစ်ကြတာပေါ့ကွ”

“ကျနော်တို့ငယ်ငယ်က မောင်ကြေးမုံတို့၊ ဂန္ထဝင်မောင်ဝိုင်းတို့၊ မောင်စိမ်းနီတို့၊ အညာတမာတို့၊ သစ္စာနီတို့၊ ကုသိုလ်တို့၊ ဗေလုဝတို့အဖွဲ့တွေရဲ့ သံချပ်တွေကို သတိရမိတယ် အဘရာ”

“အေးကွ . . . ငါလည်း ‘မောင်ကြေးမုံ’ ကို သတိရသကွာ။ လွမ်းစရာ”

“အခုကော သင်္ကြန်တွင်း မြို့ပေါ်လည်အုံးမှာလား၊ သံချပ်တွေ ထိုးအုံးမှာလား”

“အေး . . . အခုနှစ်က ‘သွေးနဲ့ပက်တဲ့သင်္ကြန်ပွဲ၊ ပြည်သူအားလုံး မဆင်နွှဲ’ ဆောင်ပုဒ်ကို လိုက်နာမှာလကွာ”

“ ဟုတ်ကဲ့ အဘ”

“ ‘အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန် သင်္ကြန် ပြည်သူ့အသံ’ လေကွာ”

“ဟုတ်ကဲ့ပါ အဘရဲ့”

“ ‘ပေတစ်ရာပေါ်မှာ စီးတဲ့သွေးကို သင်္ကြန်ရေနဲ့ မဆေးကြော’ ပေါ့ကွ”

“ဟုတ်ပါတယ် အဘ၊ ‘သင်္ကြန်ရက်အတွင်း ရေမဆော့သပိတ်’ မဟုတ်လား”

“အေးကွ . . . လာမယ့်နှစ်သင်္ကြန်ကျရင်တော့ ငါတို့ပြည်သူတွေ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အားရပါးရကြီးကို ပျော်ပျော်ရွှင်ရွှင် ရေကစားကြရမှာကွ”

အဘစောမူးသာ စကားကို ကြားရတာ အားရစရာကောင်းလှပါပေတော့၏။

၂၀၂၃ ခုနှစ် မဟာသင်္ကြန်မှာတော့ ဖေကြီးတို့ မိတ်ဆွေတို့ မိသားစုလိုက် နိုင်ငံလုံးချီ လွတ်လပ်ပျော်ရွှင်စွာ ရေကစားကြတာပေါ့ဗျာ။ 

“အင်း . . . ဒီနှစ် ရေမကစားဘူးဆိုတော့ ‘သံချပ်တွေ’လည်း မရေးဖြစ်ဘူး ဆိုပါတော့”

“ဟားဟား ဟားဟား ဟားဟား . . သင်္ကြန်ကို သပိတ်မှောက်ပေမယ်လို့ ‘သံချပ်’ ကိုတော့ ဟိုတစ ဒီတစ ရေးထားပါသကွ ဖေကြီးရ”

ခေတ်ဆိုး ခေတ်ပျက် ဖက်ဆစ်ငပုသာဝ ကြင်စိုးခေတ်ကိုတော့ မှတ်တမ်းတင်ထားပါသတဲ့။ တကယ်တော့လည်း အဲသည် ‘သံချပ်’တွေဟာ ခေတ်စနစ်နဲ့ အကျင့်ပျက်တွေ ဥပဒေအပေါ်မှာ အခန့်သား တက်ထိုင်နေကြတဲ့ အာဏာရူးကြီးတွေ၊ အာဏာမှူးကြီးတွေနဲ့ ဘေးနားက အရိုးအရင်းကိုက်တွေ၊ ဘောမတွေကို သမိုင်းမှတ်တမ်းတင်ကြတာပဲ မဟုတ်ပါလား ခင်ဗျာ။

“ရော့ ရော့ ဖေကြီးရေ . . . မောင်ရင်က တရွက်ကိုင်၊ ငါက တရွက် ကိုင်မယ်။ ငါက တကြောင်းဆိုမယ်၊ မင်းက တကြောင်း လိုက်ရွတ်ပေတော့”

အဘစောမူးသာ လက်ရေးလှလှနဲ့ ကူးရေးထားတဲ့ စာရွက်တရွက် ဖေကြီးလက်ထဲ ရောက်လာပါရောလား . . .

“ ငါးပေမတ်တင်း မင်းအောင်လှိုင်”

“အပုပ်နံ့တွေ ကြိုင်လို့ လှိုင်လို့”

“အပုပ်နံ့တွေ ကြိုင်လို့ လှိုင်လို့”

“ငါးပေမတ်တင်း မင်းအောင်လှိုင်”

“မြန်မာ့သမိုင်း ရာဇဝင်မှာ”

“အဆိုးဆုံးဟာ ဒီစောက်ပုပဲ”

“အဆိုးဆုံးဟာ ဒီစောက်ပုပဲ”

“မြန်မာ့သမိုင်း ရာဇဝင်မှာ”

“မြေအောက်ရထား လုပ်မယ်ဆို”

“အဝီစိကို သွားလေ့လာလိုက်”

“အဝီစိကို သွားလေ့လာလိုက်”

“မြေအောက်ရထား လုပ်မယ်ဆို”

“လျှပ်စစ်ကားတွေ ထုတ်မယ်ဆို”

“လျှပ်စစ်ထိုင်ခုံကို အရင်မြည်းကြည့်”

“လျှပ်စစ်ထိုင်ခုံကို အရင်မြည်းကြည့်”

“လျှပ်စစ်ကားတွေ ထုတ်မယ်ဆို”

“မအလကြီး ရူးကြောင်ကြောင်”

“အထူးဟောင်ကာ ဟိုကိုက်သည်ကိုက်”

“အထူးဟောင်ကာ ဟိုကိုက်သည်ကိုက်”

“မအလကြီး ရူးကြောင်ကြောင်”

“လူမျိုးတုံးသတ်ဖြတ် သူဦးဆောင်”

" အဲသည်ကောင်ဟာ ကြင်စိုး ကြင်စိုး”

“အဲသည်ကောင်ဟာ ကြင်စိုး ကြင်စိုး”

“လူမျိုးတုံးသတ်ဖြတ် သူဦးဆောင်”

“ဆယ်သက်စားမကုန် သူချမ်းသာ”

“ပြည်သူ့ဘဏ္ဍာ ဗြောင်ခိုးတာဗျ”

“ပြည်သူ့ဘဏ္ဍာ ဗြောင်ခိုးတာဗျ”

“ဆယ်သက်စားမကုန် သူချမ်းသာ”

“ဂယောင်ချောက်ချား မျက်လုံးတွေ”

“မအေရိုးမှာ ရှိပါလေရဲ့”

“မအေရိုးမှာ ရှိပါလေရဲ့”

“ဂယောင်ချောက်ချား မျက်လုံးတွေ”

“ဖက်ဆစ်ငပု တပ်တွေဟာ”

“နေရာတိုင်းမှာ မြေသြဇာဗျ”

“နေရာတိုင်းမှာ မြေသြဇာဗျ”

“ဖက်ဆစ်ငပု တပ်တွေဟာ”

“သွေးရူးသွေးတန်း စကားတွေ”

“တပ်တိုင်းလှည့်ကာ သူပြောလေရဲ့”

“တပ်တိုင်းလှည့်ကာ သူပြောလေရဲ့”

“သွေးရူးသွေးတန်း စကားတွေ”

“တကမ္ဘာလုံးက တရားရုံးတွေ”

“မိအောင်လှိုင်ကို အလိုရှိနေသကွဲ့”

“မိအောင်လှိုင်ကို အလိုရှိနေသကွဲ့”

“တကမ္ဘာလုံးက တရားရုံးတွေ”

“ကမ္ဘာကျော်တဲ့ ငပွကြီးဘုရင်”

“ဖျင့်ကျင် ပုတင် သားဂျပုဗျ”

“ဖျင့်ကျင် ပုတင် သားဂျပုဗျ”

“ကမ္ဘာကျော်တဲ့ ငပွကြီးဘုရင်”

“ပြေးပေါက်ရှာထား မိအောင်လှိုင်”

“မင်းဟောင်နိုင်ရင် ဒီလနောက်ဆုံး”

“မင်းဟောင်နိုင်ရင် ဒီလနောက်ဆုံး”

“ပြေးပေါက်ရှာထား မိအောင်လှိုင်”

“သူတော်ကောင်းကို စော်ကားသူ”

“ငပု ဒီလူ မြေမြိုမှာဗျ”

“ငပု ဒီလူ မြေမြိုမှာဗျ”

“သူတော်ကောင်းကို စော်ကားသူ”

“သမ္မတရူးရူးတဲ့ သာဝဟာ”

“မသာဘ၀ ရောက်တော့မှာကွဲ့”

“မသာဘ၀ ရောက်တော့မှာကွဲ့”

“သမ္မတရူးရူးတဲ့ သာဝဟာ”

“ကျိန်စာသင့်မယ့် စောက်ရူးကောင်”

“အမြီးထောင်ကာ ဂန့်တော့မှာဗျ”

“အမြီးထောင်ကာ ဂန့်တော့မှာဗျ”

“ကျိန်စာသင့်မယ့် စောက်ရူးကောင်”

“ဟဲ့ မအေရိုး”

“ဟဲ့ မအိုးရေ”

“ဟဲ့ မအိုးရေ”

“ဟဲ့ မအေရိုး”

“ဟေ့ ကြင်စိုး”

“ဟေ့ ကြိုးစင်”

“ဟေ့ ကြိုးစင်”

“ဟေ့ ကြင်စိုး”

“ဟေးလာ မောင်ရို့ဝါး”

‘ဟားဟား ဟားဟား ဟားဟား”

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024