မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားမှာ ဧပြီ ၁၁ ရက် မနက် ၈ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အိမ်စီး ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ပေါက်ကွဲပြီး အဲဒီနားမှာ လမ်းပိတ်လိုက်တယ်။ နောက်ပြီး စစ်သားတွေက မကွဲသေးတဲ့ ဗုံးရှိသေးတယ်လို့ ပြောတယ်။ ထိခိုက်မိသူတွေကို လူနာတင်ကားတွေနဲ့ ခေါ်သွားတယ်” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။
မန္တလေးမြို့ နေရာအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်က ကင်းပုန်းဝပ်တာ၊ လှည့်လည်တာနဲ့ ရှာဖွေစစ်ဆေးတာတွေ လုပ်နေကြပါတယ်။
ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၇၆ လမ်းနဲ့ ၇၇ လမ်းကြားရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနားမှာ မတ် ၆ ရက်မွန်းတည့်ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။