Home
မြန်မာသတင်း
သတ်ဖြတ်ခံရသည့် ကျန်းမာရေးလုပ်သား ၃၀ ကျော်ရှိလာဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ထုတ်ပြန်
DVB
·
April 7, 2022

စစ်အာဏာစသိမ်းတဲ့အချိန်ကစပြီး ကျန်းမာရေးလုပ်သားအယောက် ၃၀ ကျော်သတ်ဖြတ်ခံခဲ့ရပြီး ၆၀၀ ကျော်ကတော့ စစ်အုပ်စုက ဖမ်း၀ရမ်းထုတ်ထားတဲ့အတွက် တိမ်းရှောင်နေကြရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်က ထုတ်ပြန်ပါတယ်။

ဧပြီ ၇ ရက် ကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံတဝန်း စစ်အုပ်စုက ကျန်းမာရေးလုပ်သားတွေနဲ့ ကျန်းမာရေးဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက် ခြိးခြောက်တဲ့ အကြိမ်ရေ ၄၀၀ ကျော်ရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွေအတွက် ဆင်ခြေမရှိ၊ အကြောင်းပြချက်မရှိကြောင်းနဲ့ မြန်မာနိုင်ငံက ကျန်းမာရေးလုပ်သားတွေဟာ ပစ်မှတ်တွေ မဟုတ်ဘူးလို့ ကွန်ရက် က ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူတွေ၊ PDF တပ်ဖွဲ့တွေကို ဆေးဝါးကုသပေးနေတဲ့ ဆရာဝန်တွေ၊ ဆေးမှူးတွေကို စစ်အာဏာရှင်တွေက ခြိမ်းခြောက် ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေတဲ့အပြင် ဆေးဝါးနဲ့ ကုသရေးဆိုင်ရာ ကိရိယာတွေကို တင်းကျပ်ထိန်းချုပ်ထားတာကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရသူတွေ လုံလောက်စွာ ပြုစုကုသပေးနိုင်ဖို့ အကန့်အသတ်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း တိုင်းပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024